အင်ဒိုနီးရှားနိုင်ငံမှာ ကျောင်းသူတစ်ဦး စာမေးပွဲဖြေရင်း ကလေးမီးဖွား
ရောင်နီ (NSS) - ဒီဇင်ဘာ ၃
အင်ဒိုနီးရှားနိုင်ငံမှာ အထက်တန်းကျောင်းသူတစ်ဦးဟာ ကျောင်းမှာ စာမေးပွဲဖြေဆိုနေစဉ် မီးဖွားခဲ့ပြီး ဆရာ/ဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေကို အံ့အားသင့်စေခဲ့ပါတယ်။
နိုဝင်ဘာ ၃၀ ရက်က ကျောင်းမှာ စာမေးပွဲကျင်းပခဲ့ပြီး အဆိုပါကျောင်းသူဟာ စာမေးပွဲဖြေဆိုနေရင်း သိပ်မကြာခင် မှာပဲ မီးဖွားခဲ့ကာ ကလေးကို အောင်အောင်မြင်မြင်မွေးဖွားနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လိုအပ်တာ တွေ စီစဉ်နိုင်အောင် ချက်ချင်းဆိုသလို ရပ်ရွာကျန်းမာရေးဌာနကို ပို့ဆောင်ခဲ့တယ်လို့ အခန်းစောင့်ဆရာရဲ့ ပြောကြားချက်အရ သိရပါတယ်။ ကျောင်းသူရဲ့မိသားစု အပါအဝင် လူတိုင်းက သူမမှာ ကိုယ်ဝန်ရှိနေတာ မသိခဲ့ တာကြောင့် ဒီအဖြစ်အပျက်ဟာ အံ့သြစရာဖြစ်ခဲ့ပါတယ်။
ကျောင်းအုပ်ဆရာမကြီး မစ္စတာ ဆူကာဒီကလည်း ကျောင်းသူဟာ ကိုယ်ဝန်တစ်လျှောက်လုံး ဆေးခွင့် မယူခဲ့ဖူး သလို အတန်းလည်း မပျက်ခဲ့ဘူးလို့ ပြောပါတယ်။ ဒါ့အပြင် သူမဟာ တခြားကျောင်းသားတွေလိုပဲ အားကစားလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်လို့ ထပ်လောင်းပြောကြားပါတယ်။
နောက်ပိုင်း အဆိုပါကျောင်းသူမှာ ကလေးမွေးဖွားခြင်းနဲ့ ဆက်စပ်တဲ့ရောဂါအခြေအနေတွေကြောင့် ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မီတာပုံးတပ်ဆင်မှုနှုန်းထားများ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာန အတည်ပြု
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ