တောင်ငူလေတပ်စခန်း Drop ဗုံးဖြင့် ပစ်ချတိုက်ခိုက်ခံခဲ့ရသော်လည်း လူနှင့်ပစ္စည်း ထိခိုက်မှုမရှိခဲ့
မြူနစ် (NSS) - ဒီဇင်ဘာ ၂
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ တောင်ငူလေတပ်စခန်း Drop ဗုံးဖြင့် ပစ်ချတိုက်ခိုက်ခံခဲ့ရသော်လည်း လူနှင့်ပစ္စည်း ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့(ဒီဇင်ဘာလ ၁ ရက်)၊ နံနက် ၁၁ နာရီအချိန်ခန့်တွင် တောင်ငူလေတပ်စခန်းသည် Drop ဗုံး (၂)လုံးဖြင့် ပစ်ချတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“လေတပ်ကို drop ဗုံးချတဲ့ ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် လူ၊ ပစ္စည်းထိခိုက်ပျက်စီးမှု မရှိပါဘူး။ ဘာမှ ထိခိုက်တာမရှိပါဘူး။ ဘာမှမရှိတဲ့နေရာကိုကျပြီး ပေါက်ကွဲခဲ့တာလောက်ပဲ ဖြစ်တာပါ” ဟု လေတပ်လုံခြုံရေးအရာရှိတစ်ဦးက NSS ကို ပြောသည်။
အဆိုပါ Drop ဗုံး (၂)လုံးသည် တောင်ငူလေတပ်စခန်း၏ ပတ်ဝန်းကျင်တွင်သာ ကျရောက်ပေါက်ကွဲခဲ့ပြီး လူနှင့်ပစ္စည်း ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
တောင်ငူလေတပ်စခန်းအား Drop ဗုံးဖြင့် ပစ်ချတိုက်ခိုက်မှုကို KNLA စစ်ကြောင်းဖြစ်သော ကျားသံလုံးစစ်ကြောင်း-သံတောင်မြောက်ပိုင်းအထူးဒေသနှင့် Shar Htoo Waw ပူးပေါင်း Drone အဖွဲ့က လုပ် ဆောင်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။
ပြီးခဲ့သော အောက်တိုဘာလအတွင်း၌ ရန်ကုန်မြို့ရှိ မှော်ဘီလေတပ်စခန်းသည် (၁၀၇)မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသော်လည်း လေတပ်ခြံစည်းရိုးအနီးတွင်သာ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ထိခိုက်ပျက်စီးမှု မရှိခဲ့ပေ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗိုလ်တထောင်မြို့နယ်၌ ဒေါ်လာရောင်း/ဝယ် လုပ်ကိုင်သူ အမျိုးသားတစ်ဦး သေနတ်ဖြင့် ခြိမ်းခြောက်လုယက်ခံခဲ့ရ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း