ရှေ့မှကားကို ကျော်တက်သည့်တွဲကားက တစ်ဖက်ယာဉ်ကြောရှိ ဆီဘောက်ဆာကားကို ဝင်တိုက်မိခဲ့မှု မတ္တရာမြို့တွင်ဖြစ်ပွား
သန့်ဇင် (NSS) - ဒီဇင်ဘာ ၂
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ မန္တလေး-မတ္တရာသွားလမ်းပေါ်တွင် ရှေ့မှကားကို ကျော်တက်သည့်တွဲကားသည် တစ်ဖက်ယာဉ်ကြောမှ ဆီဘောက်ဆာကားကို ဝင်တိုက်မိခဲ့မှုကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မတ္တရာမြို့နယ်လူမှုကယ်ဆယ်ရေး အသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာလ ၂ ရက်)၊ နံနက် ၇နာရီခွဲအချိန်ခန့်တွင် မတ္တရာမြို့နယ်၊ မန္တလေး-မတ္တရာသွားကားလမ်းမကြီး၏ မိုင်တိုင်အမှတ် (၂၀/၁) နှင့်(၂၀/၂၀)ကြားတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တွဲကားက Light Truck ကားကိုရှောင်ပြီး ကျော်တက်တဲ့အချိန် တစ်ဖက်ယာဉ်ကြောကလာတဲ့ ဆီဘောက်ဆာကားရဲ့ ကိုယ်ထည်ကို တွဲကားခေါင်းနဲ့ ဝင်ချိတ်မိတာပါ”ဟု မတ္တရာမြို့နယ်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုတွင် တွဲကား၏ ခေါင်းပိုင်းကြေမွပျက်စီးသွားခဲ့ပြီး တွဲကားပေါ်တွင်လိုက်ပါလာသည့် အမျိုသားတစ်ဦး၌ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း သိရသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အမျိုသားအား မတ္တရာမြို့နယ်လူမှုကယ်ဆယ်ရေးအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ငူလေတပ်စခန်း Drop ဗုံးဖြင့် ပစ်ချတိုက်ခိုက်ခံခဲ့ရသော်လည်း လူနှင့်ပစ္စည်း ထိခိုက်မှုမရှိခဲ့
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း