ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဆင်မှု (၆)လအတွင်း တပ်ဖွဲ့ဝင် အနည်းဆုံး ၁၂၀၀၀ ကျော် ကျဆုံးခဲ့ဟု ရုရှားစစ်ဘက်ပြော
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂
တန်ပြန်ထိုးစစ်ဆင်မှုစတင်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းတပ်ဖွဲ့ဝင်အနည်းဆုံး ၁၂၅၀၀၀ ကျော်ကျဆုံးခဲ့ကာ လက်နက်ကြီး ၁၆၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ယူကရိန်းဟာ သိမ်းပိုက်ခံထားရတဲ့နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဇွန်လကစတင်ပြီး ရုရှားတပ်ဖွဲ့များအပေါ် ကြီးမားတဲ့တန်ပြန်ထိုးစစ်ဆင်မှုစတင်လုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ ယူကရိန်းနဲ့အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားတပ်ဖွဲ့တွေအပေါ် ပြုလုပ်တဲ့ တန်ပြန်ထိုးစစ်မှုတွေကို ကြီးကြီးမားမားမျှော်လင့်ခဲ့ပေမယ့် လက်တွေ့မှာမျှော် လင့်ထားတဲ့အတိုင်းမဖြစ်လာခဲ့ကြောင်းသိရပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေဟာ လက်တွေ့ရင်ဆိုင်ချိန်မှာ ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရကြောင်းသိရပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူးက "အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းကို မဟာဗျူဟာ စစ်ရေးလ့ကျင့်ခန်းတွေ၊ တပ်ဖွဲ့ဝင်ဖြန့်ကြတ်ချထားမှုတွေ နဲ့ ခေတ်မီလက်နက်တွေ ကူညီပေးခဲ့တယ်။ ဒါပေမယ့် မြေပြင်တိုက်ပွဲအခြေနေတွေက အများကြီးပြောင်းလဲသွားတာမျိုးမရှိပါဘူး။ ယူကရိန်းတပ်ဖွဲ့တွေဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရတယ်"လို့ ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေဟာ စစ်ပွဲအတွင်း ရုရှားရဲ့ရှေ့တန်းခံစစ်တွေကို ထိရောက်အောင် ထိုးဖောက်နိုင်ခြင်းမရှိခဲ့ကြောင်း သိရပါတယ်။ အနောက်အုပ်စုအဖွဲ့ဝင်နိုင်ငံများကြား ယူကရိန်းကို စစ်ရေးအကူအညီပေးရေးနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေလည်းမြင့်တက်လာနေကြောင်းသိရပါတယ်။ ရုရှားဟာ ယူကရိန်းနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲ ၂ နှစ်နီးပါးအတွင်း ယူကရိန်းပိုင်နက်လေးခုကို သိမ်းပိုက်ထားနိုင်ကြောင်းသိရပါတယ်။ တန်ပြန်ထိုးစစ်ဆင်မှုမအောင်မြင်တဲ့အတွက် ယူကရိန်းကို ရုရှားနဲ့ အပစ်ခတ်ရပ်စဲရေးဆွေးနွေးဖို့ အနောက်အုပ်စုအဖွဲ့ဝင်နိုင်ငံတွေ တိုက်တွန်းတောင်းဆိုနေကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့် ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်ဒေသ (၄၈)ခုရှိဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ