ယာယီအပစ်ခတ်ရပ်စဲရေး ရပ်တန့်ခဲ့ခြင်းအတွက် ဟားမက်စ်လက်နက်ကိုင်အုပ်စုကို အမေရိကန်အစိုးရဝေဖန်
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂
အမေရိကန်အစိုးရဟာ ယာယီအပစ်ခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး ဟားမက်စ်လက်နက်ကိုင်အုပ်စုကို ဝေဖန်ပြစ်တင်လိုက်ကြောင်းသိရပါတယ်။
ဟားမက်စ်လက်နက်ကိုင်အုပ်စုတွေဟာ အစ္စရေးနဲ့အပစ်ခတ်ရပ်စဲထားချိန်အတွင်း အစ္စရေးနိုင်ငံတောင်ပိုင်းကို ရော့ကဒ် ဒုံးကျည်များနဲ့ပစ်ခတ်ခြင်း၊ ဗုံးခွဲခြင်းများလုပ်ဆောင်ခဲ့ကြောင်း အမေရိကန်အစိုးရက ပြောပါတယ်။ အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ရရှိထားတဲ့ ၇ ရက်ကြာ ယာယီအပစ်ခတ်ရပ်စဲရေးဟာ အဆုံးသတ်သွားခဲ့ပြီးနောက် တိုက်ပွဲများတစ်ကျော့ပြန်ဖြစ်လာခဲ့ကြောင်းသိရပါတယ်။ အစ္စရေးနဲ့လက်ဘနွန်နိုင်ငံ နယ်စပ်တစ်လျှောက်မှာလည်း တိုက်ပွဲများတစ်ကျော့ပြန်ဖြစ်လာနေကြောင်း သတင်းတွေလည်းထွက်ပေါ်နေပါတယ်။
ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တွေဟာ အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ယာယီအပစ်ခတ်ရပ်စဲမှုအဆုံးသတ်သွားခဲ့ပြီးနောက် အစ္စရေးနိုင်ငံဘက်ခြမ်းကိုတိုက်ခိုက်မှုတွေ လုပ်ဆောင်လာခဲ့ကြောင်းသိရပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်က "ဟားမက်စ်လက်နက်ကိုင်အုပ်စုကြောင့် ယာယီအပစ်ခတ်ရပ်စဲရေးအဆုံးသတ်သွားခဲ့တယ်။ ဟားမက်စ်အုပ်စုတွေဟာယာယီအပစ်ခတ်ရပ်စဲရေးရရှိထားချိန်မှာ အစ္စရေးနိုင်ငံဘက်ခြမ်းကို စတင်ပစ်ခတ်ခဲ့တယ်" လို့ ပြောပါတယ်။
အစ္စရေးစစ်တပ်က ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ ဂါဇာဒေသကနေ အစ္စရေးနိုင်ငံ တောင်ပိုင်းမြို့တွေကို ရော့ကဒ်အစင်းပေါင်း ၅၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဆိုပါတယ်။ အစ္စရေးအစိုးရက ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့ ရောကတ်ဒုံးကျည်တွေနဲ့မပစ်ခတ်ခင် နိုင်ငံအတွင်းရှိ မြို့တွေမှာတပ်ဆင်ထားတဲ့ ဥသြသံတွေ အကြိမ်ပေါင်းများစွာကြာခဲ့ရကြောင်းပြောပါတယ်။ ဟားမက်စ်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်လိုက်တဲ့ ရော့ကတ်ဒုံးကျည်တွေကို Iron Dome အမည်ရှိ လေကြောင်းရန်ကာကွယ်ရေးစနစ်များနဲ့ ပစ်ချခဲ့ရကြောင်း အစ္စရေးအစိုးရကပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မျိုးသုဉ်းသွားပြီလို့ ယူဆရတဲ့ Golden Mole ကို နှစ်ပေါင်း ၁၀၀ နီးပါးကြာခဲ့ပြီးနောက် ကမ်းခြေတစ်ခုမှာ ပြန်လည်တွေ့ရှိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ