ငါန်းဇွန်မြို့နယ်တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအား PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
Pearl (NSS) - ဒီဇင်ဘာ ၁
ငါန်းဇွန်မြို့နယ်တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအား PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၃၀ ရက်၊ နံနက် ၇ နာရီတွင် မန္တလေးတိုင်း ၊ ငါန်းဇွန်မြို့နယ်၊ မိုးတောင်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါကျေးရွာတွင် နေထိုင်သော ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသက်ခိုင် (၄၃)နှစ်သည် ကျေးရွာအတွင်းရှိ “နဒီဧရာ” လက်ဖက်ရည်ဆိုင်၌ တစ်ဦးတည်းထိုင်နေစဉ် PDF အဖွဲ့ဝင် (၄)ဦးက ဆိုင်ကယ်နှစ်စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ကာ သရက်ချိုပင်ကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးသက်ခိုင်တွင် ယာနားထင်မှ ကျည်ဖောက်ဝင်ပြီး ဝဲနားနောက်ကျည်ဖောက်ထွက်ဒဏ်ရာတစ်ချက်၊ ယာလက်ကောက်ဝတ် နှင့် ယာပေါင်တို့တွင် ကျည် ဖောက်ဝင်ဒဏ်ရာနှစ်ချက်ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။
နိုင်ငံအတွင်း၌ အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုများကြောင့် ရဟန်းသံဃာ၊ နိုင်ငံ့ဝန်ထမ်း၊ နိုင်ငံရေးပါတီဝင် နှင့် အရပ်သားစုစုပေါင်း (၆၈၀၀)နီးပါး သေဆုံးထားပြီးဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်သွားဖို့ရှိတယ်လို့ NUG ရဲ့ ဒေါ်ဇင်မာအောင်ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း