မူဆယ် (၁၀၅)မိုင်ရွာရှိ စစ်ရှောင်ပြည်သူများကို သွားရောက်ကယ်ထုတ်သောကြက်ခြေနီ အသင်းကား ထပ်မံပစ်ခတ်ခံရ
NSS - ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်(၁၀၅)မိုင်ရွာရှိ စစ်ဘေးရှောင်ပြည်သူများကို သွားရောက် ခေါ်ဆောင်ပြီးပြန်လာသည့် ကြက်ခြေနီအသင်းကားပစ်ခတ်ခံခဲ့ရကြောင်း မူဆယ်မြို့ခံတစ်ဦးက ပြောသည်။
ဖြစ်စဥ်မှာ ယနေ့(ဒီဇင်ဘာလ ၁ ရက်)၊ နေ့လည် (၂)နာရီအချိန်ခန့်တွင် မူဆယ်နှင့် (၁၀၅)မိုင်ကြားရှိ တုံခံရွာအနီးတွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှအဖွဲ့ဝင်များသည် ကားနှင့်အတူ မူဆယ်(၁၀၅)မိုင်ရွာရှိ စစ်ဘေးရှောင်ပြည်သူများကို သွားရောက်ကယ်ထုတ်ပြီး ပြန်လာစဥ်အချိန်တွင် Drop bomb ဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
“နေ့လည်(၂)နာရီလောက်က ဖြစ်သွားတာ စစ်ရှောင်တွေကို ခေါ်ပြီးပြန်လာတဲ့ကားပါ။ ကြက်ခြေနီအလံလည်းထောင်လာတယ်။ တံဆိပ်တွေလည်းပါရဲ့သားနဲ့ကို အပစ်ခံရတာ။ ကားကို(၆)ချက်လောက်ထိသွားတယ်။ ထိခိုက်သွားတဲ့သူ တွေမရှိတာ တော်တော်ကံကောင်းတယ်”ဟု မူဆယ်မြို့ခံတစ်ဦးက NSS ကိုပြောသည်။
ထို့ပြင် နံနက်(၉)နာရီ အချိန်ခန့်ကလည်း စစ်ရှောင်ပြည်သူများကို သွားရောက်ခေါ်ဆောင်သည့် လက်ဖက်ညွန့်ပရဟိတအသင်း၏ ကားအနီးတွင်လည်း Drop bomb ကျရောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
ပြင်းထန်လျက်ရှိသော တိုက်ပွဲများကြောင့် (၁၀၅)မိုင်ရွာရှိ ပြည်သူ (၂ဝဝ)နီးပါးသည်ယနေ့(ဒီဇင်ဘာ ၁ ရက်)တွင် မူဆယ်မြို့ပေါ်သို့ ပြောင်းရွှေ့လာကြောင်း အဆိုပါ သတင်းအရင်းအမြစ်က ဆက်လက်ပြောသည်။
ထို့ပြင် ယမန်နေ့(နိုဝင်ဘာလ ၃၀ ရက်)ကလည်း မူဆယ်မြို့နယ်အခြေစိုက်ပရဟိတအသင်း(၂)သင်း၏ ပရဟိတကားများပစ်ခတ်ခံခဲ့ရပြီး ကားများပေါ်တွင်လိုက်ပါလာသော စစ်ဘေးရှောင်(၂)ဦး အပါအဝင် ယာဥ်မောင်းတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သင်္ဃန်းကျွန်းမြို့နယ်ရှိ နေအိမ်တိုက်ခန်းတစ်ခု၌ ပုပ်ပွသေဆုံးနေသော အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း