ကာဇက်စတန်နိုင်ငံရှိ တည်းခိုဆောင်တစ်ခုတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁၃)ဦး သေဆုံး
Pika (NSS) - နိုဝင်ဘာ ၃ဝ
ကာဇက်စတန်နိုင်ငံ၏ အကြီးဆုံးမြို့တစ်ခုဖြစ်သော Almaty မြို့ရှိ တည်းခိုဆောင်တစ်ခုတွင် နိုဝင်ဘာလ(၃ဝ) ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၁၃)ဦး သေဆုံးခဲ့ကြောင်း Almaty မြို့ အရေးပေါ်ဌာနက ထုတ်ပြန် ပြောကြားခဲ့သည်။
အဆိုပါမီးလောင်မှုအတွင်း သေဆုံးခဲ့သူများမှာ ကာဇက်စတန်နိုင်ငံသား(၉) ဦး၊ ရုရှားနိုင်ငံသား (၂) ဦး နှင့် ဥဇဘက်ကစ္စတန်နိုင်ငံသားနှစ်ဦးတို့ဖြစ်ကြောင်း Almaty ရဲဌာနက ပြောကြားခဲ့သည်။ မီးလောင်ကျွမ်းမှုသည် မြေညီထပ် နှင့် မြေအောက်ခန်းတို့တွင် ဧည်သည့်(၇၂)ဦးရှိသော သုံးထပ်တိုက်အဆောက်အဦးတွင် နိုဝင်ဘာလ (၃ဝ)ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါမီးလောင်မှုအတွင်းမှ လူ(၅၉)ဦးလွတ်မြောက်ခဲ့သော်လည်း အခြားလူ(၁၃)ဦးမှာ ကာဗွန်မိုနောက်ဆိုက်ဒ် အဆိပ်သင့်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး နောက် အိန္ဒိယနိုင်ငံမှ ကျောင်းသားတစ်ဦး အပါအဝင် လူလေးဦးသည် ဆေးကုသမှုများ ခံယူခဲ့ရကြောင်း အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကားပြီး Zakon.kz သတင်းစာက ဖော်ပြခဲ့သည်။
အဆိုပါမီးလောင်ကျွမ်းမှု ဘာကြောင့်ဖြစ်ပွားရသည်ဆိုသည့်အချက်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ မီးလောင်ကျွမ်းမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်ရန်အတွက် အထူးကော်မရှင်တစ်ခုကို ဖွဲ့စည်းထားကြောင်း ကာဇက်စတန်အစိုးရက ပြော ကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆောင်းရာသီတွင် ယူကရိန်းကိုတိုက်ခိုက်ရန်အတွက် ဒုံးကျည်အများအပြားကို ရုရှားက သိုလှောင်ထားကြောင်း နေတိုးအဖွဲ့အကြီးအကဲပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း