ဆောင်းရာသီတွင် ယူကရိန်းကိုတိုက်ခိုက်ရန်အတွက် ဒုံးကျည်အများအပြားကို ရုရှားက သိုလှောင်ထားကြောင်း နေတိုးအဖွဲ့အကြီးအကဲပြော
Pika (NSS) - နိုဝင်ဘာ ၃ဝ
ရုရှားစစ်တပ်သည် လာမည့်ဆောင်းရာသီတွင် ယူကရိန်းအခြေခံအဆောက်အဦးများကို တိုက်ခိုက်ရန်အတွက် ဒုံးကျည်အများအပြားကို စုဆောင်းသိုလှောင်ထားကြောင်း နေတိုးအဖွဲ့အထွေထွေအတွင်းရေးမှူးချုပ် ဂျန်စတိုလ် တန်ဘာ့ချ်က နိုဝင်ဘာလ(၂၉)ရက်တွင် ပြောကြားခဲ့သည်။
ဘရပ်ဆဲလ်မြို့တွင် ကျင်းပသော နေတိုးအဖွဲ့နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးတွင် ဂျန်စတိုလ် တန်ဘာ့ချ်က အနောက်အုပ်စုနိုင်ငံများအနေဖြင့် ရုရှားနိုင်ငံကို အထင်မသေးသင့်ကြောင်း ထပ်မံပြောခဲ့သည်။
၎င်း က "ရုရှားဟာ ဆောင်းရာသီမတိုင်မီ ဒုံးကျည်အများအပြား စုဆောင်းထားပါတယ်။ ယူကရိန်းရဲ့ ဓါတ်အားလိုင်း နဲ့ စွမ်းအင်အခြေခံအဆောက်အဦးတွေအပေါ် တိုက်ခိုက်ဖို့ကြိုးပမ်းမှုအသစ်တွေ၊ ယူကရိန်းကို မှောင်မဲပြီးအေးခဲနေ တဲ့အချိန်မှာထားဖို့ ကြိုးပမ်းမှုတွေကို ကျွန်တော်တို့ မြင်တွေ့ရတော့မှာပါ" ဟု ပြောခဲ့သည်။
ပြီးခဲ့သည့်နှစ်တွင် ဆောင်းရာသီကြောင့် ယူကရိန်းတပ်ဖွဲ့များ၏ ရှေ့တန်းစစ်မြေမျက်နှာပြင်တွင် တိုက်ခိုက်မှုများ နှေးကွေးခဲ့ချိန်တွင် ရုရှားသည် ယူကရိန်းစစ်တပ်နှင့် အခြေခံအဆောက်အဦးများအား ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုကို စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ဒုံးကျည်များ နှင့် ဒရုန်းများကို ရေဒါ နှင့် တိုက်လေယာဉ်ပစ် စနစ်များ၊ လောင်စာဆီ နှင့် ခဲယမ်းမီးကျည် သိုလှောင်ရုံများ၊ ယူကရိန်းတပ်ဖွဲ့ဝင်များ နှင့် နေရာအများအပြားရှိ စစ်လက်နက်ပစ္စည်းများကို တိုက်ခိုက်ရန်အတွက် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ(၂၉)ရက်တွင် ထုတ်ပြန်ပြောခဲ့သည်။
နိုဝင်ဘာလ(၂၅)ရက်က ပြုလုပ်ခဲ့သော ဒရုန်းဖြင့်တိုက်ခိုက်မှုများသည် ယူကရိန်းမြို့တော်ကိယက်ဗ် နှင့် အနီးတစ်ဝိုက်ဒေသများတွင်ရှိသော စွမ်းအင်အခြေခံအဆောက်အဦးများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန က ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတဇီလန်စကီးသည် ၎င်း၏ အနောက်အုပ်စုကျောထောက်နောက်ခံနိုင်ငံများထံမှ ပိုမိုကောင်းမွန် သော လေကြောင်းရန်ကာကွယ်ရေးစနစ်များကို လပေါင်းများစွာ တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။ သို့သော် လည်း အမေရိကန်နိုင်ငံသည် ပြီးခဲ့သည့်နှစ်တည်းက ဇီလန်စကီးကတောင်းဆိုခဲ့သော ပက်ထရီယော့ ဘက်ထရီ များထက် NASAMS လေကြောင်းရန်ကာကွယ်ရေးစနစ်များအတွက် ခဲယမ်းမီးကျည်များ အပါအဝင် ပိုမိုကောင်းမွန် သော လေကြောင်းရန်ကာကွယ်ရေးစနစ်များကိုပေးပို့နိုင်မည့်အနေအထားတွင်မရှိသေးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံရှိ ရာဇဝတ်ဂိုဏ်းများထံမှာ သားကောင်ဖြစ်ခဲ့ရသူများ ကိုယ်အင်္ဂါအစိတ်ပိုင်းရောင်းချဖို့ ဖိအားပေးခံရဟု ဗီယက်နမ်ပရဟိတအဖွဲ့ပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း