ရှမ်းလက်နက်ကိုင်(၂)ဖွဲ့၏ အပစ်အခတ်ရပ်စဲမှုကို ရှမ်းအရပ်ဘက်အဖွဲ့အစည်းများထောက်ခံကြိုဆိုခဲ့
ကျော် (NSS) - နိုဝင်ဘာ ၃၀
ရှမ်းလက်နက်ကိုင်(၂)ဖွဲ့၏ အပစ်အခတ်ရပ်စဲမှုကို ထောက်ခံကြိုဆိုကြောင်း ရှမ်းအရပ်ဘက်အဖွဲ့အစည်း(၂၈)ခုပူးပေါင်း၍ ယမန်နေ့ (နိုဝင်ဘာလ ၂၉ ရက်)က ထုတ်ပြန်ခဲ့သည်။
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)တို့သည် ၎င်းတို့အဖွဲ့နှစ်ခုကြား အပစ်အခတ်ရပ်စဲကြောင်း သဘောတူညီမှုကို ယ မန်နေ့ (နိုဝင်ဘာလ ၂၉ ရက်)က ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပူးတွဲထုတ်ပြန်ချက်အား ရှမ်းအရပ်ဖက်အဖွဲ့အစည်း(၂၈)ခုမှ ကြိုဆိုထောက်ခံကာ ရှမ်းလူမျိုးများကလည်း ဝမ်းမြောက်ကြသည်ဟု ထုတ်ပြန်ရေးသားခဲ့သည်။
ရှမ်းလက်နက်ကိုင်(၂)ဖွဲ့၏ အပစ်အခတ်ရပ်စဲမှုသည် နိုင်ငံရေးအခြေအနေများပြင်းထန်နေချိန်၌ ရှမ်းလူထုအပေါ်အကာအကွယ်ပေးနိုင်မည်ဟုလည်း ရေးသားထားသည်ကို တွေ့ရသည်။
ရှမ်းလူမျိုးများလိုလားသည့် ပူးပေါင်းဆောင်ရွက်မှုနှင့်စည်းလုံးညီညွတ်မှုတည်ဆောက်ရေးကို ရှမ်းလက်နက်ကိုင်(၂)ဖွဲ့မှ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုမှတဆင့် ဆက် လက် ဆောင်ရွက်ပေးကြရန်လည်း ထုတ်ပြန်ချက်၌ တိုက်တွန်းရေးသားထားသည်။
SSPP ဗဟိုဌာနချုပ်မှ ကိုယ်စားလှယ်(၃)ဦး၊ RCSS ဗဟိုဌာနချုပ်မှ ကိုယ်စားလှယ်(၄)ဦးတို့ သည် နိုဝင်ဘာလ ၂၉ ရက် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီးနောက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်းကို တရားဝင်သဘောတူခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ တရားဝင်သဘောတူခဲ့ကြပြီးနောက် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အား နိုဝင်ဘာလ ၂၉ ရက်က အသိပေးထုတ်ပြန်ခဲ့ကြခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
2023 Best Ambassador Award ဆုကို ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးရရှိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ