တရုတ်နိုင်ငံသား အများစုက အာဆီယံဒေသကို ခရီးသွားဖို့ စိုးရိမ်ကြောက်ရွံ့နေပြီး သွားရောက်လိုခြင်းမရှိဟု စစ်တမ်းတစ်ခု ဖော်ပြ
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၃ဝ
တရုတ်နိုင်ငံသား ၈၅ ရာခိုင်နှုန်းဟာ ဘေးကင်းလုံခြုံရေးနဲ့ပတ်သက်ပြီး အာဆီယံဒေသအတွင်းနိုင်ငံတွေကို ခရီးသွားဖို့ ငြင်းဆန်နေကြောင်း သိရပါတယ်။
တရုတ်လူမှုကွန်ရက် Weibo ဟာ မကြာသေးမီက တရုတ်နိုင်ငံသား ၅၄ဝဝဝ ကျော်ကို စစ်တမ်းကောက်ယူခဲ့ရာ စစ်တမ်းဖြေဆိုခဲ့သူ ၈၅ ရာခိုင်နှုန်းက ဘေးကင်းလုံခြုံမှုမရှိမှာ စိုးရိမ်တဲ့အတွက် အာဆီယံဒေသကို ခရီးသွားဖို့ လိုလားမှုမရှိကြောင်း သိရပါတယ်။
တရုတ်နိုင်ငံက "No More Bets” အမည်ရှိ ရုပ်ရှင်ထုတ်လုပ်ပြသခဲ့ပြီးနောက် ထိုင်း အပါအဝင် အာဆီယံဒေသ အတွင်းနိုင်ငံတွေကို တရုတ်နိုင်ငံသားများ ခရီးသွားရောက်ဖို့ လိုလားမှုနည်းပါးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ရုပ်ရှင်ကားဟာ အွန်လိုင်းမှတဆင့် လိမ်လည်မှုကျူးလွန်နေတဲ့ဂိုဏ်းတွေ၊ လူကုန်ကူးသူတွေအကြောင်း အဓိက ထား ရိုက်ကူးထားခြင်းဖြစ်ကြောင်း သိရပါတယ်။
အဆိုပါရုပ်ရှင်ဇာတ်ကားဟာ မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ပုံရိပ်ကို ထိခိုက်စေခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံက အဲဒီရုပ်ရှင်ဇာတ်ကားကို နိုင်ငံအတွင်းပြသဖို့ ပိတ်ပင်ထားကြောင်း သိရပါတယ်။ တရုတ်နိုင်ငံသားအများစုဟာ ထိုင်းနိုင်ငံကို အများဆုံးသွားရောက်လေ့ရှိပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါမဖြစ်ပွားခင် ၂ဝ၁၉ ခုနှစ်က ထိုင်းနိုင်ငံကို တရုတ်ခရီးသွား ၁၁ သန်းအထိ လာရောက်ခဲ့ဖူးကြောင်း သိရပါတယ်။
တရုတ်အစိုးရဟာ တရုတ်နိုင်ငံသားများကို ထိခိုက်နစ်နာမှုများစွာဖြစ်တဲ့ အွန်လိုင်းကတဆင့် လိမ်နေတဲ့ ဂိုဏ်းတွေကို လက်ရှိအချိန်မှာ ဖြိုခွင်းလျက်ရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဥပဒေနှင့်မညီသည့် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည့် နစကအဖွဲ့ဝင် (၂)ဦးကို ပြင်းထန်သည့်အရေးယူခြင်း ပြုလုပ်ခဲ့ဟု နစက ဥက္ကဋ္ဌဆို
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း