ဥပဒေနှင့်မညီသည့် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည့် နစကအဖွဲ့ဝင် (၂)ဦးကို ပြင်းထန်သည့်အရေးယူခြင်း ပြုလုပ်ခဲ့ဟု နစက ဥက္ကဋ္ဌဆို
စော (NSS) - နိုဝင်ဘာ ၃၀
ဥပဒေနှင့်မညီသည့် ဆောင်ရွက်မှုများပြုလုပ်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှစ်ဦးကို ပြင်းထန်သည့်အရေးယူခြင်းများ ပြုလုပ်ခဲ့ကြောင်း နစကဥက္ကဋ္ဌက ယမန်နေ့ (နိုဝင်ဘာလ ၂၉ ရက်) တွင် ပြောကြားခဲ့သည်။
အဆိုပါ နစကအဖွဲ့ဝင်နှစ်ဦးသည် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမိုးမြင့်ထွန်း နှင့် ဒုတိယဗိုလ်ချုပ်ကြီး ဟောင်း ဦးစိုးထွဋ်တို့ဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးထွဋ်ကို ရာထူးနှင့်လုပ်ပိုင်ခွင့်အား မလျော်သြဇာသုံးမှုဖြင့် စစ်တရားရုံးက ထောင်ဒဏ်(၅)နှစ် ပြစ်ဒဏ်ချမှတ်ထားခြင်းဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမိုးမြင့်ထွန်းကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ထားခြင်းဖြစ်သည်။
အလားတူ ဥပဒေနှင့်မညီသည့် ဆောင်ရွက်မှုများပြုလုပ်ခဲ့သော တာဝန်ရှိသည့် နိုင်ငံ့ဝန်ထမ်းအချို့ကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြောသည်။
ထို့ပြင် စက်သုံးဆီ၊ စားသုံးဆီနှင့်ပတ်သက်၍ ဥပဒေနှင့်မညီသည့် ဆောင်ရွက်မှုများ၌ တာဝန်ရှိသည့် ပုဂ္ဂိုလ်များကို အရေးယူခြင်းများ ဆောင်ရွက်ခဲ့သည့်အပြင် စက်သုံးဆီများကို သတ်မှတ်ဈေးနှုန်းထက် မတန်တဆ အမြတ်ယူရောင်းချခဲ့သော ကုမ္ပဏီ (၈)ခု နှင့် သာမန်နှုန်းထားထက် အမြတ်တင်၍ ရောင်းချခဲ့သည့် ကုမ္ပဏီများ ၊ စည်းကမ်းချိုးဖောက်ခဲ့သည့် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများကို ဥပဒေအရ အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး မြန်မာ-တရုတ် နှစ်နိုင်ငံဆွေးနွေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း