ယာယီအပစ်ခတ်ရပ်စဲပြီးချိန်မှာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်ပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၃ဝ
အစ္စရေး ဝန်ကြီးချုပ် နေတန်ရာဟုက ဖမ်းဆီးခံထားရသူတွေကို အပြန်အလှန်ပြန်လွှတ်ပေးမှု သက်တမ်းကုန်ဆုံးသွားချိန်မှာ ဟားမက်စ်အဖွဲ့ကိုအပြီးသတ်ချေမှုန်းနိုင်ဖို့ တိုက်ပွဲများ ဆက်လက်တိုက်ခိုက်သွားမှာ ဖြစ်ကြောင်းပြောပါတယ်။
အစ္စရေး နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား လက်ရှိအချိန်မှာ စစ်ပွဲ ယာယီရပ်စဲထားဖို့၊ဖမ်းဆီးခံထားရသူတွေအပြန်အလှန် ပြန်လွှတ်ပေးဖို့ သဘောတူညီခဲ့ကြောင်းသိရပါတယ်။
အစ္စရေးဝန်ကြီးချုပ်က "ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းဖို့၊ ပြန်ပေးဆွဲခံထားရသူအားလုံး ပြန်လွှတ်ပေးဖို့၊ ဂါဇာဒေသကို ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့ခြိမ်းခြောက်မှုတွေ ထပ်မံမဖြစ်အောင်လုပ်ဆောင်သွားမယ်"လို့ပြောပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ယာယီအပစ်ခတ်ရပ်စဲမှု သက်တမ်းကုန်ဆုံးချိန်မှာ ဂါဇာဒေသကို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ်က "ဟားမက်စ်လက်နက်ကိုင်အဖွဲ့နဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့မူဝါဒတွေကို အစ္စရေးအစိုးရတစ်ဖွဲ့လုံးထောက်ခံပါတယ်။ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာတွေလုပ်ဆောင်ရမလဲဆိုတာ တိကျတဲ့ အစီအစဉ်တွေ ရှိပါတယ်"လို့ ပြောပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားစစ်ပွဲစတင်ခဲ့ပြီးနောက် ကာတာနိုင်ငံရဲ့ကြားဝင်စေ့စပ်မှုကြောင့် နိုဝင်ဘာလ ၂၄ ရက်မှစတင်ကာ (၄)ရက်ကြာ ယာယီအပစ်ခတ်ရပ်စဲရေးရရှိခဲ့ပြီး အဆိုပါ ယာယီအပစ် ခတ်ရပ်စဲရေးသက်တမ်းကုန်ဆုံးချိန်မှာလည်း နောက်ထပ် နှစ်ရက် ထပ်မံသက်တမ်းတိုးခဲ့ကြောင်း သိရပါတယ်။ အဆိုပါယာယီအပစ်ခတ်ရပ်စဲရေးသက်တမ်းတိုးမှုတွေကို ဆက်လက်သက်တမ်းတိုးနိုင်ဖို့ ကာတာအပါအဝင်နိုင်ငံတကာအဖွဲ့စည်းတွေက ကြိုးပမ်းရာ သဘောတူညီမှုမရဘူးဆိုရင် ဂါဇာဒေသမှာ တိုက်ပွဲများ တစ်ကျော့ပြန်ဖြစ်လာဖွယ်ရှိနေကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ