အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ရရှိထားတဲ့ ယာယီအပစ်ခတ်ရပ်စဲရေး ငါးရက်မြောက်နေ့မှာ အကျဉ်းသားတွေကို အပြန်အလှန်ပြန်လွှတ်ပေး
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၉
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ယာယီအပစ်ခတ်ရပ်စဲရေး ငါးရက်မြောက်နေ့(နိုဝင်ဘာလာ ၂၈ ရက်)မှာ ဟားမက်စ်လက်နက်ကိုင်အုပ်စု နဲ့ အစ္စရေးအစိုးတို့ဟာ ဖမ်းဆီးထားသူများကို အပြန် အလှန်ထပ်မံပြန်လွှတ်ပေးခဲ့ကြောင်းသိရပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့တို့ဟာ ၄ ရက်ကြာ ယာယီအပစ်ခတ်ရပ်စဲရေးကို ကနဦးရယူခဲ့ပြီးနောက် သက်တမ်းကုန်ဆုံးချိန်မှာ နောက်ထပ် နှစ်ရက် သက်တမ်းတိုးခဲ့ကြောင်းသိရပါတယ်။ ယာယီအပစ်ခတ်ရပ်စဲရေး ငါးရက်မြောက်နေ့မှာ အစ္စရေးက ပါလက်စတိုင်းအကျဉ်းသား ၃၀ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ဟားမက်စ်လက်နက်ကိုင်အုပ်စုကဖမ်းဆီးထားသူတွေထဲကနေ ၁၂ဦးကိုထပ်မံပြန်လွှတ်ပေးခဲ့ကြောင်းသိရပါတယ်။
အစ္စရေးက ပြန်လွှတ်ပေးခဲသူတွေထဲမှာ အမျိုးသမီး ၁၅ဦးနဲ့ ကလေးငယ် ၁၅ဦး ပါဝင်ခဲ့ကြောင်းသိရပါတယ်။ ဟားမက်စ်လက်နက်ကိုင်အုပ်စုဟာ ယာယီအပစ်ခတ်ရပ်စဲရေးငါးရက်မြောက်နေ့မှာ အစ္စရေးနိုင်ငံသား ၁၀ဦးနဲ့ နိုင်ငံခြားသား နှစ်ဦးတို့ကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးစစ်တပ်ကပြောပါတယ်။ လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေပေးနိုင်ဖို့ ဖမ်းဆီးခံထားရသူတွေပြန်လွှတ်ပေးဖို့ ရည်ရွယ်ချက် နဲ့ အစ္စရေးနဲ့ဟားမက်စ်လက် နက်ကိုင်အုပ်စုကြား ဖြစ်ပွားနေတဲ့ စစ်ပွဲယာယီအပစ်ခတ်ရပ်စဲဖို့ ကာတာနိုင်ငံနဲ့အီဂျစ်နိုင်ငံတို့ ကြားဝင်စေ့စပ်ဆွေးနွေးခဲ့ရာသဘောတူညီမှုရရှိခဲ့ပြီး ယာယီအပစ်ခတ်ရပ်စဲရေးက နိုဝင်ဘာလ ၂၄ ရက်မှာစတင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံသို့ဆန်တင်ပို့မှု ရပ်တန့်ခြင်းမရှိဘဲ ပင်လယ်ရေကြောင်းကုန်သွယ်မှုဖြင့် အများဆုံးတင်ပို့လျက်ရှိနေဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ