အင်းစိန်မြို့နယ်၌ ပံ့သကူကောက်သည့် ကလေးငယ်တစ်ဦး ကားတိုက်ခံရမှုဖြစ်ပွား
စော (NSS) - နိုဝင်ဘာ ၂၈
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် ပံ့သကူကောက်နေသည့် ကလေးငယ်တစ်ဦး ကားတိုက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကလေးငယ်သည် ယမန်နေ့(နိုဝင်ဘာလ ၂၇ ရက်)၊ ည(၈)ခွဲဝန်းကျင်အချိန်တွင် အင်းစိန်မြို့နယ်၊ ပြည်လမ်း၊ ဆယ်မိုင်မှတ်တိုင်အနီး၌ ပံ့သကူကောက်ရာမှ ကားတိုက်ခံရခြင်းဖြစ်ကြောင်း ကြယ်စင်စုလူငယ်များ ပရဟိတအသင်းထံမှ သိရသည်။
“ဘေးပတ်ဝန်းကျင်ပြောတာတော့ ပံ့သကူကောက်တယ်တဲ့။ ကားပေါ်ကကျဲတာ ကောက်ရင်းဖြစ်တယ် ပြောတယ်။ ကလေးက ခေါင်းကွဲသွားတယ်။ ဆေးရုံက ဆရာမတွေပြောတာတော့ စိုးရိမ်ရတယ်ပြောတယ်”ဟု ကြယ်စင်စုလူငယ်များ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ယာဉ်တိုက်မှုကြောင့် အသက် (၁၃)နှစ်အရွယ်ကလေးငယ်တစ်ဦး ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယာဉ်တိုက်မှုဖြစ်စဉ်အား သက်ဆိုင်ရာမှတာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
၎င်းအား ရတနာဖြိုး(သမိုင်း) လူမှုကူညီရေးအသင်းကားဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပဲခူးတိုင်း၊ ပဲခူးမြို့၊ ရွှေဂူလေးဘုရားလမ်းမပေါ်၌ ပံ့သကူလိုက်ကောက်နေသည့် အဖွဲ့အား ရှောင်တိမ်းရာမှ ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်သည် ယမန်နေ့(နိုဝင်ဘာလ ၂၇ ရက်)၊ ည (၉)နာရီဝန်းကျင်အချိန်တွင် ကားတစ်စီးမှ ပံ့သကူလိုက်ကောက်သောအဖွဲ့အား ရှောင်တိမ်းခဲ့ရာ အိုးဝေယာဉ်တစ်စီးအား ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်းနှင့် လူမှုကူညီရေးအသင်း (ပဲခူး)ထံမှ သိရသည်။
“လမ်းက ကျွန်တော်တို့ဆီမှာ နှစ်လမ်းသွားပါ။ လမ်းလယ်ရယ်ဆိုပြီး မရှိဘူး။ မရှိတော့ ကားက အဲဒီလူအုပ်ကိုရှောင်ပြီးတော့ အတက်မှာ သုံးဘီးက အရှိန်နဲ့အလာ တိုက်မိတာပါ။ မျက်နှာချင်းဆိုင် တိုက်တာပါ”ဟု နာရေးကူညီမှုအသင်းနှင့် လူမှုကူညီရေးအသင်း (ပဲခူး)မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် အိုးဝေမောင်းနှင်လာသော ယာဉ်မောင်းအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းအား ပဲခူးဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာမည့်ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံရှိ ဒေသအချို့၌ မိုးရွာသွန်းနိုင်ကြောင်း မိုးဇလခန့်မှန်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း