SSPP/SSA မှ နမ့်ခမ်းမြို့နယ်တွင် ဖမ်းဆီးရမိခဲ့သည့် ကျားဖြန့်ငွေလိမ်ဂိုဏ်း၏ တရုတ်နိုင်ငံသား ၈၈ ဦးကိုပြန်လည်လွှဲပြောင်းပေးခဲ့
ကျော် (NSS) - နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်တွင် SSPP/SSA မှဖမ်းဆီးရမိခဲ့သည့် ကျားဖြန့်ငွေလိမ်ဂိုဏ်း၏ တရုတ်နိုင်ငံသား ၈၈ ဦးကို တရုတ်နိုင်ငံအစိုးရထံ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း SSPP ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖမ်းဆီးရမိခဲ့သည့် တရုတ်နိုင်ငံသား ၈၈ ဦးအား တရုတ်နိုင်ငံအစိုးရထံ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်က SSPP/SSA မှပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)မှ နမ့်ခမ်းမြို့နယ်ရှိ အဆောက်အဦးတစ်ခုအတွင်း၌ ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်လည်လုပ်ငန်များလုပ်ကိုင်နေသည့် ဂိုဏ်းတစ်ခုအား ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ ဝင်ရောက်ဖမ်းဆီးရာ တရုတ်နိုင်ငံသား (၈၈)ဦး နှင့် မြန်မာနိုင်ငံသား(၂၈)ဦး(စုစုပေါင်း ၁၁၆ ဦး)ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းတို့နှင့်အတူ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများဖြစ်သော Computer (၁၄၅)လုံး၊ ဖုန်း(၂၀၄)လုံး၊ (၁၉၁၅၀)ယွမ်၊ မီးခံသေတ္တာ(၁)လုံးနှင့်ကားတစ်စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးရမိခဲ့ပြီးနောက် တရုတ်နိုင်ငံသား ၈၈ ဦးကို အဆိုပါနေ့၌ပင် တရုတ်နိုင်ငံအစိုးရထံ လွှဲပြောင်းအပ်နှံပေးခဲ့ပြီး ကျန်ရှိသည့် မြန်မာနိုင်ငံသား(၂၈)ဦးကို SSPP/SSA မှစစ်ဆေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နစကမှလည်း နယ်စပ်ဒေသများမှတဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများအား ဖော်ထုတ်ဖမ်းဆီးပြီးနောက် တရုတ်နိုင်ငံအစိုးရထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးလျက်ရှိသည်။
ထိုသို့ လွှဲပြောင်းပေးခဲ့ရာ ယခုနှစ် အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၂၇ ရက်အထိ တရုတ်နိုင်ငံ သား အမျိုးသား ၈၃၁၂ ဦးနှင့်အမျိုးသမီး ၈၈၂ ဦး(စုစုပေါင်း ၉၁၉၄ ဦး)အား ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
တရုတ်-မြန်မာနယ်စပ်ရှိ ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို တရုတ်-မြန်မာပူးပေါင်းဖမ်းစီးမှုများပြုလုပ်လျက်ရှိပြီး ကျားဖြန့်ဂိုဏ်းခေါင်းဆောင်များကိုလည်း တရုတ်နိုင်ငံဘက်မှ ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်းစိန်မြို့နယ်၌ ပံ့သကူကောက်သည့် ကလေးငယ်တစ်ဦး ကားတိုက်ခံရမှုဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း