ရန်ကုန်မြို့၌ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ထားသည့် နှစ်ထပ်တိုက်ပြိုကျမှုကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ
စော (NSS) - နိုဝင်ဘာ ၂၇
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ထားသည့် နှစ်ထပ်တိုက်ပြိုကျမှုကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(နိုဝင်ဘာလ ၂၇ ရက်)၊ မွန်းလွဲ (၁)နာရီဝန်းကျင်အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ အမှတ် (၂၆)၊ (၁၂၀)လမ်း၊ အားဒါးလမ်းထောင့်၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သပြေကုန်းလူမှုကူညီရေးအသင်းထံမှ သိရသည်။
“အဲဒီတိုက်က နှစ်ထပ်တိုက်အဟောင်းပါ။ လူမနေဘူး။ အန္တရာယ်ရှိ အဆောက်အဦး သတ်မှတ်ထားတဲ့နေရာပေါ့။ အဲဒီတိုက်က ဘေးနံရံပြိုကျတာပါ။ လူနာက အမျိုးသားတစ်ယောက်ပဲ။ အဲဒီတိုက်ဘေးမှာ ရှိတဲ့ဆိုင်မှာ အလုပ်လုပ်တဲ့ လူတစ်ယောက်ပေါ့”ဟု သပြေကုန်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
တိုက်ပြိုကျမှုကြောင့် အမျိုးသားတစ်ဦးသည် ခါး၌ ထိခိုက်ဒဏ်ရာများစွာ ရရှိသွားခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားသည် ဦးကိုလေး (၅၈)နှစ်ဆိုသူဖြစ်ပြီး လက်ရှိတွင် ၎င်းအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တန်ဆောင်မုန်းလပြည့်နေ့တွင် ရွှေတိဂုံစေတီ၌ မသိုးရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲကျင်းပခဲ့ပြီး ဘုရားဖူးပြည်သူများဖြင့်စည်ကားခဲ့
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း