နယူးကာဆယ်အသင်းကို (၄)ဂိုး-(၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် စိတ်ဆိုးဒေါသဖြစ်နေတဲ့ ချဲလ်ဆီးနည်းပြ ပိုချက်တီနို
Pika (NSS) - နိုဝင်ဘာ ၂၆
ချဲလ်ဆီးအသင်းသည် နိုဝင်ဘာလ(၂၅)ရက်က နယူးကာဆယ်အသင်းနှင့်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်ကို (၄)ဂိုး-(၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် စိတ်ဆိုးဒေါသဖြစ်ကာ စိတ်ပျက်မိကြောင်း ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက ပြောခဲ့သည်။
ချဲလ်ဆီးအသင်းနှင့် နယူးကာဆယ်အသင်းတို့သည် ပထမပိုင်းတွင် တစ်ဂိုးစီဖြင့် သရေကျနေခဲ့သော်လည်း ဒုတိယပိုင်းတွင် နယူးကာဆယ်အသင်းက (၃)ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပြီးနောက် (၄)ဂိုး-(၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ် သည်။
ထို့အပြင် ချဲလ်ဆီးအသင်းသည် စိန်ခေါ်မှုတိုင်းကို ပျောညံ့စွာဖြေရှင်းနေသည်ဟု ခံစားရကြောင်း နည်းပြ ပိုချက်တီနိုက ဝန်ခံပြောခဲ့သည်။ ပိုချက်တီနိုက "ကျွန်တော်တို့ အရေးကြီးတဲ့အရာတစ်ခုခုအတွက် ကစားနေတယ် ဆိုတာကို မပြသနိုင်ခဲ့ပါဘူး။ နယူးကာဆယ်နဲ့ကစားခဲ့တဲ့ပွဲမှာ ကျွန်တော်တို့က ခြေစွမ်းကောင်းမွန်တဲ့အသင်း တစ်သင်းဖြစ်တယ်ဆိုတာရယ် နိုင်ပွဲရရှိဖို့ ခက်ခဲတယ်ဆိုတာရယ် ကျွန်တော်တို့ကို အနိုင်ယူကစားနိုင်ဖို့က ခက်ခဲတယ်ဆိုတာတွေကို ပြသခဲ့သင့်တာပါ။ ဒါပေမယ့် ကျွန်တော်တို့ကစားခဲ့တဲ့ပုံစံက အနိုင်ယူဖို့ အရမ်းလွယ် နေပါတယ်။ ပြီးတော့ ကျွန်တော်တို့အသင်းဟာ စိန်ခေါ်မှုတွေတိုင်းမှာ ပျော့ညံ့နေတယ်လို့ ထင်ပါတယ်။ ဒီအချက် က ကျွန်တော့်ကို စိတ်ဆိုးဒေါသဖြစ်စေပြီး စိတ်ပျက်စေတာပါပဲ။ ကျွန်တော်တို့ဟာ ငယ်ရွယ်တဲ့အသင်းတစ်သင်း ဖြစ်ပေမယ့် အကောင်းဆုံးအခွင့်အရေးတွေကိုပြသနိုင်မယ့်အခွင့်အရေးမျိုးကို ကျွန်တော်တို့ အဆုံးရှုံးခံလို့မရပါဘူး" ဟု ပြောခဲ့သည်။
ချဲလ်ဆီးအသင်းသည် လက်ရှိပရီးမီးယားလိဂ်ရာသီတွင် (၁၃)ပွဲကစားထားကာ (၄)ပွဲနိုင် (၄)ပွဲသရေ (၅)ပွဲရှုံးထားပြီး ရမှတ်(၁၆)မှတ်ဖြင့် အမှတ်ပေးဇယားတွင် အဆင့်(၁ဝ)နေရာမှာ ရပ်တည်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်တစ်ခုတွင် လူနင်းမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၄)ဦးသေဆုံးကာ ဒါဇင်ချီ ထိခိုက်ဒဏ်ရာရရှိ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း