မြန်မာနိုင်ငံသို့ လာရောက်မည့် ပြည်ပခရီးသွားများအနေဖြင့် Hotel Booking အပါအဝင် မဖြစ်မနေပြသရမည့် အချက်များကို နစကအစိုးရ အသိပေးထုတ်ပြန်
စော (NSS) - နိုဝင်ဘာ ၂၆
မြန်မာနိုင်ငံသို့ လာရောက်မည့် ပြည်ပခရီးသွားများအနေဖြင့် Hotel Booking အပါအဝင် မဖြစ်မနေပြသရမည့်အချက်များကို နစက၏ သတင်းအချက်အလက်များအရ သိရသည်။
အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ မြန်မာနိုင်ငံသို့ လာရောက်မည့်ခရီးသွားများအနေဖြင့် မဖြစ်မနေပြသရမည့် အချက်များကို နစက၏ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက သတ်မှတ်ထားခြင်းဖြစ်သည်။
ကမ္ဘာလှည့်ခရီးသည်များ အပါအဝင် ခရီးသွားဗီဇာ (သို့) ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ဖြင့် မြန်မာနိုင်ငံသို့ လာရောက် မည့်ခရီးသည်များအနေဖြင့် Hotel Booking ကို မဖြစ်မနေပြသရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။
ထို့ပြင် လူမှုရေးဗီဇာဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့်သူများအနေဖြင့် ဗီဇာလျှောက်ထားစဉ်က ဖြည့်စွက်ခဲ့သော မြန်မာနိုင်ငံရှိ ဇနီး/ခင်ပွန်း၊ မိဘ၊ ဆွေမျိုးများ နေထိုင်ရာ လိပ်စာများ၌ နေထိုင်ရမည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံ အတွင်း ရောက်ရှိလာပါက သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးများသို့ Form-C နှင့်အတူ အကြောင်းကြားရမည်ဖြစ် ကြောင်း သတ်မှတ်ထားသည်။
အလားတူ နိုင်ငံတကာအဖွဲ့အစည်းဗီဇာဖြင့် ဝင်ရောက်မည့်သူများအနေဖြင့်လည်း မြန်မာနိုင်ငံသို့ ရောက်ရှိလာပါ က တာဝန်ခံခေါ်ယူသည့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းမဟုတ်သောအဖွဲ့အစည်းက မြို့နယ်ဦးစီးမှူးရုံးများသို့ Form-C နှင့်အတူ အကြောင်းကြားရရန် လိုအပ်ကြောင်း သိရသည်။
ထို့သို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက သတ်မှတ်ကြေညာထားချက်များကို ပြည်ပရှိ မြန်မာ သံရုံးအသီးသီးကလည်း သက်ဆိုင်ရာနိုင်ငံသားများအား အသိပေးအကြောင်းကြားထားသည်ကို တွေ့ရှိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နယူးကာဆယ်အသင်းကို (၄)ဂိုး-(၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်အတွက် စိတ်ဆိုးဒေါသဖြစ်နေတဲ့ ချဲလ်ဆီးနည်းပြ ပိုချက်တီနို
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း