ပတ်စ်ပို့ နှင့် CI ကိုင်ဆောင်ထားသူများအနေဖြင့် ရနောင်း-ကော့သောင်း နယ်စပ်ဂိတ်မှတစ်ဆင့် တရားဝင်ဖြတ်သန်းနိုင်ပြီ
ရဲပြည့် (NP News) - မတ် ၉
ပတ်စ်ပို့နှင့် CI (နိုင်ငံသားဖြစ်ကြောင်း သက်သေခံလက်မှတ်)စာအုပ် ကိုင်ဆောင်ထားသူများအနေဖြင့် ရနောင်း-ကော့သောင်း နယ်စပ်ဂိတ်ကို တရားဝင်ဖြစ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
ရနောင်-ကော့သောင်း နယ်စပ်ဂိတ်အား ကိုဗစ်ရောဂါ စတင်ဖြစ်ပွားချိန်က ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ၂ဝ၂၂ ခုနှစ် ဇွန်လတွင် နှစ်နိုင်ငံသဘောတူ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် (TBP)ဖြင့်သာ ဝင်ထွက်ခွင့်ပြုခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ယခုအခါတွင် ကော့သောင်းမြို့နှင့် ရနောင်းမြို့ကို ဆက်သွယ်ထားသည့်နယ်စပ်ဂိတ်အား နှစ်နိုင်ငံ အပြန်အလှန်စာထုတ်ပြန်ကာ မတ်လ ၇ ရက်မှစတင်၍ ပတ်စ်ပို့ နှင့် CI စာအုပ် ကိုင်ဆောင်ထားသူများပါ တရားဝင်ဖြတ်သွားလာခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ နယ်စပ်ဂိတ်များဖြစ်သည့် ထီးခီး-ဖူနမ်ရွန် နယ်စပ်ဂိတ် နှင့် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်နှစ်ခုတွင် ကော့သောင်း-ရနောင်းနယ်စပ်ဂိတ်ကိုသာ အပြည့်အဝပြန်လည် ဖွင့်လှစ်ထားခြင်းဖြစ်သည်။
zawgyi version
ပတ္စ္ပို႔ ႏွင့္ CI ကိုင္ေဆာင္ထားသူမ်ားအေနျဖင့္ ရေနာင္း-ေကာ့ေသာင္း နယ္စပ္ဂိတ္မွတစ္ဆင့္ တရားဝင္ျဖတ္သန္းႏိုင္ၿပီ
ရဲျပည့္ (NP News) - မတ္ ၉
ပတ္စ္ပို႔ႏွင့္ CI (ႏိုင္ငံသားျဖစ္ေၾကာင္း သက္ေသခံလက္မွတ္)စာအုပ္ ကိုင္ေဆာင္ထားသူမ်ားအေနျဖင့္ ရေနာင္း-ေကာ့ေသာင္း နယ္စပ္ဂိတ္ကို တရားဝင္ျဖစ္သန္းသြားလာႏိုင္ၿပီျဖစ္ေၾကာင္း ထိုင္းႏိုင္ငံအေျခစိုက္ သတင္းဌာနမ်ား၏ ေဖာ္ျပခ်က္အရ သိရသည္။
ရေနာင္-ေကာ့ေသာင္း နယ္စပ္ဂိတ္အား ကိုဗစ္ေရာဂါ စတင္ျဖစ္ပြားခ်ိန္က ပိတ္ထားခဲ့ျခင္းျဖစ္ၿပီး ၂ဝ၂၂ ခုႏွစ္ ဇြန္လတြင္ ႏွစ္ႏိုင္ငံသေဘာတူ နယ္စပ္ျဖတ္သန္းခြင့္စာအုပ္ (TBP)ျဖင့္သာ ဝင္ထြက္ခြင့္ျပဳခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ယခုအခါတြင္ ေကာ့ေသာင္းၿမိဳ႕ႏွင့္ ရေနာင္းၿမိဳ႕ကို ဆက္သြယ္ထားသည့္နယ္စပ္ဂိတ္အား ႏွစ္ႏိုင္ငံ အျပန္အလွန္စာထုတ္ျပန္ကာ မတ္လ ၇ ရက္မွစတင္၍ ပတ္စ္ပို႔ ႏွင့္ CI စာအုပ္ ကိုင္ေဆာင္ထားသူမ်ားပါ တရားဝင္ျဖတ္သြားလာခြင့္ျပဳခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
တနသၤာရီတိုင္းေဒသႀကီးအတြင္းရွိ နယ္စပ္ဂိတ္မ်ားျဖစ္သည့္ ထီးခီး-ဖူနမ္႐ြန္ နယ္စပ္ဂိတ္ ႏွင့္ ေကာ့ေသာင္း-ရေနာင္း နယ္စပ္ဂိတ္ႏွစ္ခုတြင္ ေကာ့ေသာင္း-ရေနာင္းနယ္စပ္ဂိတ္ကိုသာ အျပည့္အဝျပန္လည္ ဖြင့္လွစ္ထားျခင္းျဖစ္သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တက္ကသိုလ်ဝင်စာမေးပွဲ၏ မြန်မာစာ စတင်ဖြေဆိုသည့်နေ့တွင် လာရောက်ဖြေဆိုသူ(၉ဝ)ရာခိုင်နှုန်းအထိရှိခဲ့
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း