ရုရှားကို စစ်လက်နက်ပစ္စည်းများ မကူညီနိုင်အောင် အီရန်ကို တားဆီးပိတ်ပင်ဖို့ ယူကရိန်းသမ္မတ တောင်းဆို
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၆
ယူကရိန်းသမ္မတဇီလန်စကီးဟာ ရုရှားနိုင်ငံကို အီရန်နိုင်ငံက ဒုံးကျည်များ ကူညီထောက်ပံ့ပေးမယ့်အလားလာနဲ့ပတ်သက်ပြီး သတိပေးပြောဆိုလိုက်ကြောင်း သိရပါတယ်။
ယူကရိန်းသမ္မတက နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့ ရုရှားနိုင်ငံကို အီရန်နိုင်ငံက စစ်လက်နက်ပစ္စည်းများ လွှဲပြောင်းပေးနေခြင်းကို တားဆီးဖို့၊ ပိတ်ဆို့မှုချမှတ်တာမျိုး လုပ်ဆောင်စေလိုကြောင်း ပြောပါတယ်။
ယူကရိန်းသမ္မတဇီလန်စကီးက "ရုရှားနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေ ကူညီထောက်ပံပေးတာမျိုးမလုပ်ဖို့ အီရန် နိုင်ငံနဲ့ ပူးပေါင်းလုပ်ကိုင်ဖို့်လိုအပ်တယ်။ ရုရှားနိုင်ငံကို ဒုံးကျည်တွေ ထောက်ပံ့ပေးတာမျိုးမဖြစ်ရအောင် အီရန် နိုင်ငံနဲ့အတူ နိုင်ငံရေး ကြိုးပမ်းမှုတွေလုပ်ဆောင်ရမှာဖြစ်သလို ပိတ်ဆို့မှုချမှတ်တာမျိုးတွေလည်း လုပ်ဆောင်ရ မယ်။ လက်ရှိအချိန်မှာ နိုင်ငံတကာဟာ အီရန်နိုင်ငံကို ရုရှားနိုင်ငံထံ စစ်လက်နက်ပစ္စည်းကူညီပေးနေတာတွေနဲ့ ပတ်သက်ပြီး အရေးယူတာမျိုးမလုပ်သေးဘူး" လို့ ပြောပါတယ်။
ယူကရိန်းသမ္မတက ဥရောပသမဂ္ဂနဲ့ အမေရိကန်ဟာ ရုရှားနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေ ကူညီထောက်ပံ့ပေး တာမျိုးမလုပ်ဖို့ အီရန်နိုင်ငံကို နိုင်ငံရေးအရ သင့်လျော်တဲ့အချက်ပြုမှုမျိုး လုပ်ဆောင်ရမှာဖြစ်ကြောင်း ပြောပါတယ်။ စစ်လက်နက်ပစ္စည်းကူညီထောက်ပံ့ပေးနေတာတွေနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံကိုသာမက အီရန်နိုင်ငံ ကိုလည်း ပစ်မှတ်ထားပိတ်ဆို့မှုချမှတ်ရမှာဖြစ်ကြောင်း ယူကရိန်းသမ္မတက ပြောပါတယ်။
ယူကရိန်းနဲ့ ရုရှားတို့ဖြစ်ပွားနေတဲ့စစ်ပွဲဟာ ၂ နှစ်နီးပါးကြာရှိလာချိန်မှာ စစ်ပွဲအတွင်း အသုံးပြုရတဲ့ စစ်လက်နက် ပစ္စည်းတွေ လျော့နည်းကုန်ခမ်းတာမျိုးတွေရှိနေတဲ့အတွက် ရုရှားနဲ့ ယူကရိန်းနိုင်ငံတို့ဟာ အခြားနိုင်ငံတွေထံကနေ စစ်လက်နက်ပစ္စည်းတွေ ရယူနေရပါတယ်။
ရုရှားဟာ မြောက်ကိုရီးယား၊ အီရန်နိုင်ငံထံကနေ ဒရုန်းတွေ အပါအဝင် စစ်လက်နက်များ ရယူခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ကူညီထောက်ပံ့ပေးနေခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၄၄ ကြိမ်မြောက် Blue Dragon Film Awards မှာ အကောင်းဆုံးသရုပ်ဆောင်ဆုကို လီဗြောင်ဟွမ်းမှ သိမ်းပိုက်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ