ကယ်လီဖိုးနီးယားမှာ အိုးမဲ့အိမ်မဲ့တစ်ဦးကို ဆန္ဒအလျောက် သေနတ်နဲ့ပစ်သတ်မှုအတွက် အမျိုးသားတစ်ဦး ဒဏ်ရိုက်ခံရ
ရောင်နီ (NSS) - နိုဝင်ဘာ ၂၆
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ အမျိုးသားတစ်ဦးက အိမ်ခြေယာမဲ့တစ်ဦးကို ၎င်းရဲ့လမ်းမှာ ပိတ်ဆို့နေခြင်းကြောင့် သေနတ်နဲ့ ပစ်သတ်ခဲ့မှု ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်က ဖြစ်ပွားခဲ့ပါတယ်။
ခရိုင်းဆူမာအီလော့ အမည်ရှိ အမျိုးသားဟာ စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းက ကယ်လီဖိုးနီးယားပြည်နယ်၊ Garden Grove မှာ ၎င်းရဲ့ခွေးနှစ်ကောင်နဲ့အတူ ပြေးလွှားဆော့ကစားနေစဉ် အသက် ၄ဝ အရွယ် အန်တိုနီယို ဂါစီယာအာဗာလိုစ် အမည်ရှိ အိမ်ခြေယာမဲ့တစ်ဦးက သူသွားမယ့်လမ်းမှာ အိပ်ပျော်နေတာ တွေ့ခဲ့ပါတယ်။ အီလော့ က အာဗာလိုစ်ကို နှိုးခဲ့ပေမယ့် အာဗာလော့က နိုးလာပြီး သူ့ဆီမှ ထွက်သွားဖို့ အော်ဟစ်ခဲ့ခြင်းကြောင့် အီလော့က ဒေါသထွက်ကာ သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
Garden Grove ရဲဌာနက အီလော့ ကို ဆန္ဒအလျောက် လူသတ်မှု၊ လက်နက်ကိုင်ဆောင်မှုနဲ့ နိုဝင်ဘာ ၁၇ ရက်မှာ ဝရမ်းနဲ့ ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာ ၂ဝ ရက်မှာ ဒေါ်လာ ၁ဝဝဝဝဝ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ ခရိုင်ရှေ့နေရဲ့ ပြောကြားချက်အရ ၎င်းအမှုမျိုးဟာ အမြင့်ဆုံးထောင်ဒဏ် ၂၁ နှစ်အထိ ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားကို စစ်လက်နက်ပစ္စည်းများ မကူညီနိုင်အောင် အီရန်ကို တားဆီးပိတ်ပင်ဖို့ ယူကရိန်းသမ္မတ တောင်းဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း