ဘီဘီစီသတင်းဌာနရဲ့ကမ္ဘာ့သြဇာလွှမ်းမိုးမှုအရှိဆုံး အမျိုးသမီး ၁ဝဝ စာရင်းထဲမှာ မြန်မာနာမည်ကျော် သရုပ်ဆောင် ခိုင်နှင်းဝေ ပါဝင်
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၆
၂ဝ၂၃ ခုနှစ်အတွက် ကမ္ဘာတဝန်းရှိ အမျိုးသမီးများအပေါ် သြဇာလွှမ်းမိုးမှု နဲ့ စိတ်ပိုင်းဆိုင်ရာလှုံ့ဆော်နိုင်မှု အရှိဆုံး အမျိုးသမီး ၁ဝဝ စာရင်းကိုထုတ်ပြန်ခဲ့ရာ အမေရိကန်သမ္မတဟောင်း အိုဘားမားရဲ့ဇနီးဖြစ်သူ မီချယ်လ် အိုဘားမား နဲ့အတူ မြန်မာနိုင်ငံရဲ့အမျိုးသမီး သရုပ်ဆောင်တစ်ဦးဖြစ်သူ ခိုင်နှင်းဝေ လည်း ပါဝင်လာခဲ့ပါတယ်။
ခိုင်နှင်းဝေဟာ ပြီးခဲ့တဲ့ ၂၅ နှစ်နီးပါးက မြန်မာနိုင်ငံရံ အနုပညာလောကကို ဝင်ရောက်လာခဲ့ပြီး မင်းသမီးတစ်ဦး အဖြစ် လူသိများထင်ရှားသူတစ်ဦးဖြစ်ပါတယ်။ ခိုင်နှင်းဝေဟာ မြန်မာရုပ်ရှင်လောကမှာ အအောင်မြင်ဆုံးနဲ့ လူချစ်လူခင်များဆုံး မင်းသမီးတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။ ခိုင်နှင်းဝေဟာ သရုပ်ဆောင်လုပ်ငန်းအပြင် ပရဟိတလုပ်ငန်းတွေကိုလည်း ပူးတွဲလုပ်ဆောင်ခဲ့ရာ သူရဲ့ပရဟိတလုပ်ငန်းများ လုပ်ဆောင်မှုများကြောင့် ပိုမို လူကြိုက်များလာခဲ့ပါတယ်။
သရုပ်ဆောင် ခိုင်နှင်းဝေဟာ ၂ဝ၁၄ ခုနှစ်မှာ “ခိုင်းနှင်းဝေဖောင်ဒေးရှင်း”ကို တည်ထောင်ခဲ့ပြီး စွန့်ပစ်ခံ ကလေးငယ်များ၊မိဘမဲ့ ကလေးငယ်များကို ရှာဖွေကယ်တင်စောင့်ရှောက်ပေးမှု အပါအဝင် လူမှုရေးလုပ်ငန်းတွေကို အဓိကထား လုပ်ကိုင်ခဲ့ပါတယ်။ ခိုင်နှင်းဝေဖောင်ဒေးရှင်းဟာ လက်ရှိအချိန်မှာ စွန့်ပစ်ခံကလေးငယ်ပေါင်း အနည်းဆုံး ၁ဝဝ နီးပါးကို ပြုစုစောင့်ရှောက်ပေးနေရကြောင်း သိရပါတယ်။ ခိုင်နှင်းဝေဟာ လက်ရှိအချိန်မှာ ကလေးငယ်များ လူကုန်ကူးခံရမှုကို တားဆီးနိုင်ဖို့အတွက် သံတမန်အဖြစ်လည်း ခန့်အပ်ခံထားရသူဖြစ်ပါတယ်။
၂ဝ၂၃ ခုနှစ်အတွက် ကမ္ဘာတဝန်းရှိ အမျိုးသားများအပေါ် သြဇာလွှမ်းမိုးမှု နဲ့ စိတ်ပိုင်းဆိုင်ရာလှုံ့ဆော်နိုင်မှု အရှိဆုံး အမျိုးသမီး ၁ဝဝ စာရင်းထဲမှာ ကမ္ဘာ့အကောင်းဆုံးအမျိုးသမီး ဘောလုံးသမားဆုကို ရရှိခဲ့တဲ့ ဘွန်မာတီ၊ ဟောလီဝုဒ်နာမည်ကျော်သရုပ်ဆောင် အမေရိက ဖာရီယာ တို့လည်း ပါဝင်နေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စင်ကာပူမှာ ကျင်းပတဲ့ "နိုင်ငံတကာမီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲ" မှာမြန်မာမီးသတ်တပ်ကြပ်ကြီးတစ်ဦး ပထမဆုံးအကြိမ် ဆုရရှိ
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ