အမေရိကန်သရုပ်ဆောင် ဂျမင်ဖော့ New York City စားသောက်ဆိုင်မှာ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ တရားစွဲခံနေရ
ရောင်နီ (NSS) - နိုဝင်ဘာ ၂၅
အမေရိကန်သရုပ်ဆောင် ဂျမင်ဖော့ဟာ ၂ဝ၁၅ ခုနှစ်က နယူးယောက်ရှိ စားသောက်ဆိုင်တစ်ခုမှာ ရှိနေစဉ် အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာစော်ကားမှုပြုလုပ်ခဲ့တယ်ဆိုတဲ့အမှုနဲ့ တရားစွဲခံနေရပါတယ်။
နိုဝင်ဘာ ၂၂ ရက် ဗုဒ္ဓဟူးနေ့က TMZ မှရရှိတဲ့ စာရွက်စာတမ်းများအရ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးဟာ Catch NYC & Roof စားသောက်ဆိုင်မှာ လိင်ပိုင်းဆိုင်ရာ မတရားပြုကျင့်ခံခဲ့မှုကြောင့် ဆေးဝါးကုသမှုခံယူခဲ့ရပြီး နာကျင်ကိုက်ခဲမှုနဲ့ စိတ်ပိုင်းဆိုင်ရာဒုက္ခများ ခံစားခဲ့ရတယ်ဆိုကာ ဖော့ (၅၅ နှစ်) ကို တရားစွဲဆိုခဲ့ခြင်းဖြစ်ပါတယ်။
လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ အလွဲသုံးစားမှု၊ စော်ကားမှုနဲ့ပတ်သက်ပြီး ဖော့ရဲ့ကိုယ်စားလှယ်တွေက မှတ်ချက်ပေး ခြင်း မရှိသေးပါဘူး။ တရားစွဲမှုမှာ ဖော့ဟာ စားသောက်ဆိုင်အတွင်း သူမနဲ့ ဓာတ်ပုံရိုက်ခွင့် တောင်းဆိုပြီးနောက် သူမကို မတော်မလျော်စွာ ထိတွေ့ကိုင်တွယ်ခဲ့တယ်လို့ အမျိုးသမီးက အခိုင်အမာဆိုပါတယ်။
ဓာတ်ပုံရိုက်နေစဉ်အတွင်းမှာလည်း Foxx ဟာ အမျိုးသမီးရဲ့ ခါးပေါ် လက်နှစ်ဖက်တင်ကာ သူမရဲ့ရင်သားတွေကို ပွတ်သပ်ခဲ့တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် အခြားလိင်ပိုင်းဆိုင်ရာထိတွေ့မှုတွေ ဆက်ကျူးလွန်ခဲ့ပြီး သူမရဲ့ သူငယ်ချင်းတွေ ရောက်လာချိန်မှာတော့ ရပ်တန့်သွားတယ်လို့ အမျိုးသမီးက ပြောပါတယ်။
အဆိုပါတရားစွဲဆိုမှုကို New York's Adult Survivors Act အရ အမှုဖွင့်ထားတာဖြစ်ပါတယ်။ ဒီအတွက် ဖော့ကို စုံစမ်းစစ်ဆေးနေပြီး ဖော့ကတော့ ငြင်းဆိုထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အလုပ်သမားအခွင့်ရေးချိုးဖောက်မှုကြောင့် မြန်မာ နဲ့ ထိုင်းအလုပ်လုပ်ကိုင်အေဂျင်စီတွေကို ထိုင်းအစိုးရ အပြစ်ပေးအရေးယူ
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ