ရာအိမ်မှူး၏နေအိမ်အား မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်စောင့်ဖြစ်သူ မီးလောင်သေဆုံး
Pearl (NP News) - မတ် ၉
ပဲခူးတိုင်းတွင် ရာအိမ်မှူး၏နေအိမ်အား အကြမ်းဖက်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သတင်း ရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ (၆)ရက်၊ နံနက် (၆)နာရီအချိန်ခန့်တွင် ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင် နေထိုင်သော ဦးပေါ်ဦးသည် ရာအိမ်မှူး ဦးမြင့်ဦး၏ နေအိမ်၌ အိမ်စောင့်အဖြစ်လုပ်ကိုင်နေစဉ် KNU နှင့် PDF များက အင်အား (၃ဝ) ဦးခန့်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ထို့နောက် အကြမ်းဖက်သမားများက ဦးမြင့်ဦး၏ နေအိမ်အား မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုထားသည်။
မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်စောင့်ဖြစ်သူ ဦးပေါ်ဦးတွင် မီးလောင်ကျွမ်းဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး တစ်ထပ်နေအိမ် (၁)လုံး မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်းသိရသည်။
အထက်ပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများအား ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
zawgyi version
ရာအိမ္မႉး၏ေနအိမ္အား မီးရႈိ႕ဖ်က္ဆီးခဲ့ရာ အိမ္ေစာင့္ျဖစ္သူ မီးေလာင္ေသဆုံး
Pearl (NP News) - မတ္ ၉
ပဲခူးတိုင္းတြင္ ရာအိမ္မႉး၏ေနအိမ္အား အၾကမ္းဖက္မ်ားက မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သတင္း ရရွိသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ မတ္လ (၆)ရက္၊ နံနက္ (၆)နာရီအခ်ိန္ခန႔္တြင္ ေညာင္ေလးပင္ၿမိဳ႕နယ္၊ ပုဇြန္ေျမာင္းေက်း႐ြာတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ ေက်း႐ြာတြင္ ေနထိုင္ေသာ ဦးေပၚဦးသည္ ရာအိမ္မႉး ဦးျမင့္ဦး၏ ေနအိမ္၌ အိမ္ေစာင့္အျဖစ္လုပ္ကိုင္ေနစဥ္ KNU ႏွင့္ PDF မ်ားက အင္အား (၃ဝ) ဦးခန႔္ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ အၾကမ္းဖက္သမားမ်ားက ဦးျမင့္ဦး၏ ေနအိမ္အား မီးရႈိ႕ဖ်က္ဆီးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုထားသည္။
မီးရႈိ႕ဖ်က္ဆီးမႈေၾကာင့္ အိမ္ေစာင့္ျဖစ္သူ ဦးေပၚဦးတြင္ မီးေလာင္ကြၽမ္းဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာ၌ ေသဆုံးခဲ့ၿပီး တစ္ထပ္ေနအိမ္ (၁)လုံး မီးေလာင္ပ်က္စီးဆုံးရႈံးသြားခဲ့ေၾကာင္းသိရသည္။
အထက္ပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ က်ဴးလြန္သူမ်ားအား ေဖာ္ထုတ္၍ ဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူႏိုင္ရန္အတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကော့သောင်းမြို့တွင် ဆိုလာနည်းပညာဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချနိုင်ရန် B.O.O စာချုပ် ချုပ်ဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း