ကော့သောင်းမြို့တွင် ဆိုလာနည်းပညာဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချနိုင်ရန် B.O.O စာချုပ် ချုပ်ဆို
ယွန်း (NP News) - မတ် ၉
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့တွင် ဆိုလာနည်းပညာဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်စီစဉ်ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါစီမံကိန်းအတွက် တနင်္သာရီတိုင်းအစိုးရအဖွဲ့ နှင့် Southern Coastline Group Co.,Ltd တို့အကြား တည်ဆောက်ခြင်း၊ ပိုင်ဆိုင်ခြင်းနှင့် လုပ်ကိုင်ခြင်းဆိုင်ရာ သဘောတူစာချုပ်(B.O.O)ကို ယနေ့ (မတ်လ ၉ ရက်)က ချုပ်ဆိုခဲ့ကြောင်း သိရသည်။
ဆိုလာနည်းပညာဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကို ကော့သောင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာတွင် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
"ကုမ္ပဏီများအနေနဲ့ လုပ်ငန်းတွေ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားဖို့လိုအပ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ လိုအပ်တာတွေကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်"ဟု ဝန်ကြီးချုပ်ကပြောသည်။
တနင်္သာရီတိုင်းသည် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များစွာရှိသည့်အပြင် မြေအနေအထားအရ ရှည်လျားနေပြီး ရင်းနှီးမြှုပ်နှံမည့်သူများ လိုအပ်နေသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း တနင်္သာရီတိုင်းဝန်ကြီး ချုပ် ဦးမြတ်ကိုကပြောသည်။
တနင်္သာရီတိုင်းအတွင်း လျှပ်စစ်ဓာတ်အားရရှိရန် ၂ဝ၁ဝ- ၂ဝ၁၅ ခုနှစ်ကာလများကတည်းက ကြိုးစားဆောင်ရွက်ခဲ့မှုကြောင့် ထားဝယ်ဒေသတွင် ဂတ်စ်တာဘိုင်နှင့် ရေအားလျှပ်စစ်ဓာတ်အားကို ပူးတွဲသုံးစွဲလျက်ရှိကြောင်း သိရသည်။
အလားတူ National Grid မဟာဓာတ်အားလိုင်း ရောက်ရှိပါက ထားဝယ်နှင့်မြိတ်ဒေသအား ဦးစားပေးဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မြိတ်နှင့်ကော့သောင်းဒေသသို့ ထားဝယ်မှတဆင့် လျှပ်စစ်ဓာတ်အား ပို့ လွှတ်နိုင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
zawgyi version
ေကာ့ေသာင္းၿမိဳ႕တြင္ ဆိုလာနည္းပညာျဖင့္ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ေရာင္းခ်ႏိုင္ရန္ B.O.O စာခ်ဳပ္ ခ်ဳပ္ဆို
ယြန္း (NP News) - မတ္ ၉
တနသၤာရီတိုင္း၊ ေကာ့ေသာင္းၿမိဳ႕တြင္ ဆိုလာနည္းပညာျဖင့္ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ရန္စီစဥ္ေဆာင္ ႐ြက္လ်က္ရွိေၾကာင္းသိရသည္။
အဆိုပါစီမံကိန္းအတြက္ တနသၤာရီတိုင္းအစိုးရအဖြဲ႕ ႏွင့္ Southern Coastline Group Co.,Ltd တို႔အၾကား တည္ေဆာက္ျခင္း၊ ပိုင္ဆိုင္ျခင္းႏွင့္ လုပ္ကိုင္ျခင္းဆိုင္ရာ သေဘာတူစာခ်ဳပ္(B.O.O)ကို ယေန႔ (မတ္လ ၉ ရက္)က ခ်ဳပ္ဆိုခဲ့ေၾကာင္း သိရသည္။
ဆိုလာနည္းပညာျဖင့္ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ျခင္းကို ေကာ့ေသာင္းၿမိဳ႕နယ္၊ ဆယ္မိုင္ေက်း႐ြာတြင္ အေကာင္အထည္ေဖာ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
"ကုမၸဏီမ်ားအေနနဲ႔ လုပ္ငန္းေတြ အျမန္ဆုံးအေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားဖို႔လိုအပ္ၿပီး တိုင္းေဒသႀကီးအစိုးရအဖြဲ႕အေနနဲ႔ လိုအပ္တာေတြကို ပံ့ပိုးကူညီေဆာင္႐ြက္ေပးသြားမွာျဖစ္ပါတယ္"ဟု ဝန္ႀကီးခ်ဳပ္ကေျပာသည္။
တနသၤာရီတိုင္းသည္ လွ်ပ္စစ္ဓာတ္အား လိုအပ္ခ်က္မ်ားစြာရွိသည့္အျပင္ ေျမအေနအထားအရ ရွည္လ်ားေနၿပီး ရင္းႏွီးျမႇဳပ္ႏွံမည့္သူမ်ား လိုအပ္ေနသည့္ တိုင္းေဒသႀကီးတစ္ခုျဖစ္ေၾကာင္း တနသၤာရီတိုင္းဝန္ႀကီး ခ်ဳပ္ ဦးျမတ္ကိုကေျပာသည္။
တနသၤာရီတိုင္းအတြင္း လွ်ပ္စစ္ဓာတ္အားရရွိရန္ ၂ဝ၁ဝ- ၂ဝ၁၅ ခုႏွစ္ကာလမ်ားကတည္းက ႀကိဳးစားေဆာင္႐ြက္ခဲ့မႈေၾကာင့္ ထားဝယ္ေဒသတြင္ ဂတ္စ္တာဘိုင္ႏွင့္ ေရအားလွ်ပ္စစ္ဓာတ္အားကို ပူးတြဲသုံးစြဲလ်က္ရွိေၾကာင္း သိရသည္။
အလားတူ National Grid မဟာဓာတ္အားလိုင္း ေရာက္ရွိပါက ထားဝယ္ႏွင့္ၿမိတ္ေဒသအား ဦးစားေပးေဆာင္႐ြက္ေပးသြားမည္ျဖစ္ၿပီး ၿမိတ္ႏွင့္ေကာ့ေသာင္းေဒသသို႔ ထားဝယ္မွတဆင့္ လွ်ပ္စစ္ဓာတ္အား ပို႔ လႊတ္ႏိုင္ေအာင္ ႀကိဳးစားေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သေနတ်ဖြင့်လာရောက်ပစ်ခတ်သူအား ပြန်လည်ခုခံဖမ်းဆီးခဲ့ရာ ပစ္စတိုသေနတ်နှင့် ဆိုင်ကယ်တို့အား သိမ်းဆည်းရမိ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း