မြန်မာ-ထိုင်းနှစ်နိုင်ငံ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ အပြန်အလှန်ချစ်ကြည်ရေးခရီးစဥ်များစေလွှတ်ရန် နစကဥက္ကဋ္ဌ နှင့် ထိုင်းလေတပ်ဦးစီးချုပ်တို့ဆွေးနွေး
ကျော် (NSS) - နိုဝင်ဘာ ၂၄
မြန်မာ-ထိုင်းနှစ်နိုင်ငံ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ အပြန်အလှန်ချစ်ကြည်ရေးခရီးစဥ်များစေလွှတ်ရန် နစက ဥက္ကဋ္ဌ နှင့် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နစက ဥက္ကဋ္ဌမှ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul အား ယမန်နေ့ (နိုဝင်ဘာလ ၂၃ ရက်)၊ နံနက်ပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဥ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် မြန်မာ-ထိုင်းနှစ်နိုင်ငံ တပ်မတော်ယဉ်ကျေးမှုအဖွဲ့များနှင့်ချစ်ကြည်ရေးအားကစားအဖွဲ့များ အပြန်အလှန်စေလွှတ်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ထို့အတူ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုပိုမိုတိုးမြှင့်နိုင်စေရန် နှစ်နိုင်ငံ တပ်မတော်အဆင့်မြင့်အရာရှိကြီးများနှင့် တပ်မတော်သားများ၊ မိသားစုဝင်များ အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်နိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် နှင့် တပ်မတော်အရာရှိကြီးများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထို့အတူ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်နှင့်အတူ ထိုင်းဘုရင့်လေတပ်မှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်လေတပ်စစ်သံမှူး Group Captain Jumphol Chantakamma တို့လည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်သည် အဆိုပါနေ့ နေ့လည်ပိုင်းကလည်း ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ခဲ့ကြောင်း သိရသည်။
သွားရောက်ဖူးမြော်စဉ် ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်ရန် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်မှ အလှူငွေကျပ် ၅ သိန်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟားမတ်စ်တို့ပုန်းအောင်းရာ အယ်လ်ရှီဖာဆေးရုံအောက် မြေအောက်လှိုဏ်ခေါင်း ဆိုသည်ကို အစ္စရေးစစ်တပ် ပြသ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ