ကားလမ်းပေါ်တွင် လဲကျနေသည့် အမျိုးသားတစ်ဦး ကားကြိတ်ခံရ၍ ဦးခေါင်းပွင့်ထွက်သေဆုံးမှု သုဝဏ္ဏပန်းခြံအနီးတွင်ဖြစ်ပွား
စော (NSS) - နိုဝင်ဘာ ၂၃
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏပန်းခြံအနီးတွင် ကားလမ်းပေါ်၌ လဲကျနေသည့် အမျိုးသားတစ်ဦး ကားကြိတ်ခံရ၍ ဦးခေါင်းပွင့်ထွက် သေဆုံးခဲ့ကြောင်း သုဝဏ္ဏပရဟိတအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (နိုဝင်ဘာလ ၂၂ ရက်)၊ ည (၁၀) နာရီခွဲဝန်းကျင်အချိန်က သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ၂၉ ရပ်ကွက်၊ သုဝဏ္ဏပန်းခြံအနီး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
"သုဝဏ္ဏပန်းခြံနားက ကျောင်းလမ်းမှတ်တိုင်နားလမ်းပေါ်မှာ လူတစ်ယောက်လဲနေတယ်ဆိုပြီး အကူ အညီတောင်းလို့ ကျွန်တော်တို့က သွားပြီးကူညီတာပါ။ ကျွနိတော်တို့ သတင်းရတဲ့အချိန်တို့က အဲဒီအမျိုးသားကို ကားကမကြိတ်မိသေးဘူး။ ကျွန်တော်တို့အခင်းဖြစ်နေရာရောက်တော့ လဲနေတဲ့အမျိုးသားကို ကားကကြိတ်မိပြီးသွားပြီ။ ကားကို မမိဘူး"ဟု အထက်ပါအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ကားကြိတ်ခံရမှုကြောင့် သေဆုံးခဲ့သော အမျိုးသားသည် အသက်(၅၀)နှစ်ဝန်းကျင်ရှိပြီး ၎င်း၏ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးကြောင်း သုဝဏ္ဏပရဟိတအသင်းက ပြောသည်။
လက်ရှိတွင် ယင်းအမျိုးသား၏ရုပ်အလောင်းအား သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံ၊ ရင်ခွဲရုံသို့ Medical လူငယ်များ လူမှုကူညီရေးအသင်းမှ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးအစိုးရက ပြန်လွှတ်ပေးဖို့ စီစဉ်ထားတဲ့ ပါလက်စတိုင်းအကျဉ်းသား (၃၀၀)စာရင်းကို ထုတ်ပြန်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း