ကောကရိတ်မြို့တွင် အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် (၂)ဦး သေဆုံး
Pearl (NSS) - နိုဝင်ဘာ ၂၃
ကောကရိတ်မြို့တွင် အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် (၂)ဦး သေဆုံးခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ (၂၀) ရက်၊ ည (၁၀) နာရီခွဲခန့်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၂) ရပ်ကွက်၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကော့ကရိတ်မြို့အတွင်း လုံခြုံရေးဆောင်ရွက်ပေးနေသည့် တပ်ဖွဲ့ဝင်များအား အကြမ်းဖက်သမားများက ကော့ကရိတ်မြို့၏ အရှေ့ဘက်မီတာ ၁၄၀၀ ခန့်အကွာရှိ ဆင်ကုန်းကျေးရွာသင်္ချိုင်းကုန်းဘက်မှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လက်နက်ကြီးကျည်များသည် ကော့ကရိတ်မြို့၊ အမှတ် (၂) ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ဦးထွန်းရင်၏နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး (၂) ဦး သေဆုံးကာ (၁)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်တွင်လည်း KKO(ခွဲထွက်) နှင့် PDF အဖွဲ့ဝင်များသည် ကော့ကရိတ်မြို့တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ်အပါအဝင် (၅)ဦး ထိခိုက်ဒဏ်ရာရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ - ထိုင်း နှစ်နိုင်ငံလေတပ်နှစ်ရပ်ကြား နည်းပညာအချက်အလက်ဖလှယ်ရေးကို ဆွေးနွေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း