ကျင်းပရန်ပြင်ဆင်နေသည့် ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်အား ဖျက်သိမ်း
ကျော် (NSS) - နိုဝင်ဘာ ၂၂
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ နှစ်စဥ်ကျင်းပမြဲဖြစ်သည့် ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်အား ယခုနှစ်တွင်လည်းကျင်းပရန် ပြင်ဆင်မှုများပြုလုပ်လျက်ရှိရာမှ ပြန်လည်ဖျက်သိမ်းလိုက်ကြောင်း ဒေသခံများထံမှသိရသည်။
ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်အား မဟာအံ့ထူးကံသာဘုရားဝင်းအတွင်းရှိ မီးပုံပျံကွင်းတွင် (၁၇)ကြိမ်မြောက်အဖြစ် နိုဝင်ဘာလ ၂၄ ရက်မှ ၂၈ ရက်အထိ (၅)ရက်တိုင်ကျင်းပရန်စီစဥ်ကာ ပြင်ဆင်မှုများပြုလုပ်လျက်ရှိရာမှ ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
"တန်ဆောင်တိုင်မီးပုံးပျံပွဲလုပ်မယ့် မီးပုံးပျံကွင်းက နောင်ချိုအစပ်မှာရှိတာ အဲဒီတော့ လုံခြုံရေးအခြေ -အနေအရ လုံခြုံစိတ်ချရတာမရှိတဲ့အတွက် ဖျက်သိမ်းလိုက်တာလို့ ထင်တယ် အသေးစိတ်အ ချက်အလက်တွေကိုတော့ တာဝန်ရှိတဲ့လူတွေပဲသိလိမ့်မယ်"ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောသည်။
ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကျင်းပရန် အစမ်းလေ့ကျင့်မှုများ၊ ပွဲတော်အတွင်းဆိုင်ခန်းများဖွင့်လှစ်ရောင်းချရန် ဆိုင်ခန်းနေရာကြိုတင်ရောင်းချထားမှုများရှိခဲ့သော်လည်း ပွဲတော်ကျင်းပရန်စီစဥ်ထားမှုအား ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
"မီးပုံးပျံပွဲတော်ကိုဖျက်သိမ်းတယ်ပဲသိရတယ်။ ဒီနှစ်ထဲမှာပြန်လုပ်မလား မလုပ်ဘူးလားဆိုတာမသိရဘူး။ ဒီနှစ်ထဲမှာမလုပ်ဖြစ်ရင်တော့ နောက်နှစ်တန်ဆောင်တိုင်ကိုပဲမျှော်ရတော့မှာ"ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးကပြောသည်။
ပြင်ဦးလွင်တန်ဆောင်တိုင်မီးပုံးပျံပွဲတော်အား မကျင်းပဖြစ်သော်လည်း မဟာအံ့ထူးကံသာဘုရား၌ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲနှင့်ဆီမီး ၉၀၀၀ ပူဇော်ပွဲတို့ကိုမူ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံကူးလက်မှတ် သက်တမ်းတိုး အသစ်ထုတ်ပေးခြင်းကို ပုံမှန်အတိုင်းပြန်လည် ဆောင်ရွက်ပေးမည်ဟု ဗီယက်နမ်ရှိ မြန်မာသံရုံးအသိပေး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ