မြန်မာနိုင်ငံက ဂီနီဘစ်ဆောသမ္မတနိုင်ငံ နှင့် သံတမန်အဆက်အသွယ်ထူထောင်
ရဲပြည့် (NP News) - မတ် ၈
မြန်မာနိုင်ငံက ဂီနီဘစ်ဆောသမ္မတနိုင်ငံနှင့် သံတမန်အဆက်အသွယ် ထူထောင်ခဲ့ကြောင်းသိရသည်။
ဂီနီဘစ်ဆောသမ္မတနိုင်ငံသည် မြန်မာနိုင်ငံနှင့် သံတမန်အဆက်အသွယ်ထူထောင်လိုက်သည့် (၁၂၆)နိုင်ငံမြောက်လည်းဖြစ်ကြောင်း သိရသည်။
နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၇ ရက်တွင် အထက်ပါကဲ့သို့ အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ နှင့် ဂီနီဘစ်ဆောသမ္မတနိုင်ငံတို့သည် ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းပါ မူကြီးများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့ကိုအခြေခံပြီး သံတမန်ဆက်ဆံရေးနှင့် ကောင်စစ်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းတို့နှင့်အညီ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်ခိုင်မာစေရန် ဆန္ဒရှိကြသည့် အားလျော်စွာ ၂ဝ၂၃ ခုနှစ်၊ မတ်လ ၆ ရက်မှစတင်၍ နှစ်နိုင်ငံအကြား သံအမတ်ကြီးအဆင့်ဖြင့် သံတမန်အဆက်အသွယ် ထူထောင်ခဲ့ကြခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နှစ်နိုင်ငံအကြား သံတမန် အဆက်အသွယ်ထူထောင်ခြင်းဆိုင်ရာ ပူးတွဲကြေညာချက်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ဂီနီဘစ်ဆော သံအမတ်ကြီး H.E. Mr. António Serifo Embaló တို့က ပေကျင်းမြို့ရှိ မြန်မာသံရုံး၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ နှင့် (၁၂၅)နိုင်ငံမြောက် သံတမန်အဆက်အသွယ် ထူထောင်ခဲ့သည့် နိုင်ငံသည် ယူအေအီး (UAE) နိုင်ငံဖြစ်ပြီး နီကာရာဂွါသမ္မတနိုင်ငံသည် (၁၂၄) နိုင်ငံမြောက် နှင့် တိုဂိုသမ္မတနိုင်ငံသည် (၁၂၃) နိုင်ငံမြောက် သံတမန်အဆက်အသွယ် ထူထောင်ခဲ့သည့်နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။
zawgyi version
ျမန္မာႏိုင္ငံက ဂီနီဘစ္ေဆာသမၼတႏိုင္ငံ ႏွင့္ သံတမန္အဆက္အသြယ္ထူေထာင္
ရဲျပည့္ (NP News) - မတ္ ၈
ျမန္မာႏိုင္ငံက ဂီနီဘစ္ေဆာသမၼတႏိုင္ငံႏွင့္ သံတမန္အဆက္အသြယ္ ထူေထာင္ခဲ့ေၾကာင္းသိရသည္။
ဂီနီဘစ္ေဆာသမၼတႏိုင္ငံသည္ ျမန္မာႏိုင္ငံႏွင့္ သံတမန္အဆက္အသြယ္ထူေထာင္လိုက္သည့္ (၁၂၆)ႏိုင္ငံေျမာက္လည္းျဖစ္ေၾကာင္း သိရသည္။
နစက၏ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက မတ္လ ၇ ရက္တြင္ အထက္ပါကဲ့သို႔ အသိေပးေၾကညာခဲ့ျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံ ႏွင့္ ဂီနီဘစ္ေဆာသမၼတႏိုင္ငံတို႔သည္ ကုလသမဂၢ ပဋိညာဥ္ စာတမ္းပါ မူႀကီးမ်ားႏွင့္ အျပည္ျပည္ဆိုင္ရာ ဥပေဒတို႔ကိုအေျခခံၿပီး သံတမန္ဆက္ဆံေရးႏွင့္ ေကာင္စစ္ဆက္ဆံေရးဆိုင္ရာ ဗီယင္နာကြန္ဗင္းရွင္းတို႔ႏွင့္အညီ ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈ တိုးတက္ခိုင္မာေစရန္ ဆႏၵရွိၾကသည့္ အားေလ်ာ္စြာ ၂ဝ၂၃ ခုႏွစ္၊ မတ္လ ၆ ရက္မွစတင္၍ ႏွစ္ႏိုင္ငံအၾကား သံအမတ္ႀကီးအဆင့္ျဖင့္ သံတမန္အဆက္အသြယ္ ထူေထာင္ခဲ့ၾကျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ႏွစ္ႏိုင္ငံအၾကား သံတမန္ အဆက္အသြယ္ထူေထာင္ျခင္းဆိုင္ရာ ပူးတြဲေၾကညာခ်က္ကို တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးတင္ေမာင္ေဆြ ႏွင့္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံဆိုင္ရာ ဂီနီဘစ္ေဆာ သံအမတ္ႀကီး H.E. Mr. António Serifo Embaló တို႔က ေပက်င္းၿမိဳ႕ရွိ ျမန္မာသံ႐ုံး၌ လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံ ႏွင့္ (၁၂၅)ႏိုင္ငံေျမာက္ သံတမန္အဆက္အသြယ္ ထူေထာင္ခဲ့သည့္ ႏိုင္ငံသည္ ယူေအအီး (UAE) ႏိုင္ငံျဖစ္ၿပီး နီကာရာဂြါသမၼတႏိုင္ငံသည္ (၁၂၄) ႏိုင္ငံေျမာက္ ႏွင့္ တိုဂိုသမၼတႏိုင္ငံသည္ (၁၂၃) ႏိုင္ငံေျမာက္ သံတမန္အဆက္အသြယ္ ထူေထာင္ခဲ့သည့္ႏိုင္ငံတို႔ျဖစ္ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မန္တလေး အမြန်လမ်း နှင့် မန္တလေးတို့တွင် EV Charging Station များကို ယခုလအတွင်း အပြီးတည်ဆောက်မည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ