မြောက်ကိုရီးယားနဲ့ချုပ်ဆိုထားတဲ့ စစ်ရေးသဘောတူညီမှုအစိတ်အပိုင်းအချို့ကို ဆိုင်းငံ့လိုက်ကြောင်း တောင်ကိုရီးယားအစိုးရပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၂
တောင်ကိုရီးယားအစိုးရဟာ ၂ဝ၁၈ ခုနှစ်က မြောက်ကိုရီးယားနိုင်ငံနဲ့ချုပ်ဆိုထားတဲ့ စစ်ရေးသဘောတူညီမှုအစိတ်အပိုင်းအချို့ကို ဆိုင်းငံ့လိုက်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ လာမယ့်ရက်ပိုင်းအတွင်း စစ်ဘက်သုံး စပိုင်ဂြိုလ်တုလွှတ်တင်မယ်လို့ ကြေညာလိုက်ပြီး နောက် တောင်ကိုရီးယားဘက်က အခုလိုမျိုးတုံ့ပြန်ခဲ့တာပါ။ မြောက်ကိုရီးယားဟာ နိုဝင်ဘာ ၂၂ ရက်ကနေ ဒီဇင်ဘာ ၁ ရက်အထိ ဂြိုလ်တု လွှတ်တင်မယ့်အကြောင်းကို ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ အသိပေးခဲ့ကြောင်း သိရပါတယ်။
အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ Sabrina Singhက ၎င်းတို့ဟာ မြောက်ကိုရီးယားရဲ့ဂြိုလ်တုလွှတ်တင်မှုအောင်မြင်နိုင်ချေ ရှိ/မရှိ ဆိုတာကို စဉ်းစားချင့်ချိန်နေကြောင်း သတင်း ထုတ်ပြန်လိုက်ပါတယ်။
တောင်ကိုရီးယားဝန်ကြီးချုပ် ဟန်ဒေါက်ဆိုက ၎င်းတို့ဟာ မြောက်ကိုရီးယားနိုင်ငံနဲ့ ချုပ်ဆိုထားတဲ့စစ်ရေးစာချုပ် အစိတ်အပိုင်းအချို့ကို ဆိုင်းငံ့ဖို့ စီစဉ်ထားတဲ့အတိုင်းဆက်လက်သွားမယ်လို့ ပြောပါတယ်။ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ဟာ ၂ဝ၁၈ ခုနှစ်က ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးတင်းမာမှုတွေကို ဖြေလျော့နိုင်ဖို့ ရည်ရွယ်ချက်နဲ့ နှစ်နိုင်ငံကြား စစ်ရေးသဘာတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ဖူးကြောင်း သိရပါတယ်။
အဆိုပါစစ်ရေးသဘောတူညီမှုစာချုပ်ထဲမှာ နှစ်နိုင်ငံစလုံးဟ ကျည်အစစ်နဲ့ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်ခန်းများ မလုပ်မယ့် ကြားခံဇုန်သတ်မှတ်ရေး၊ လေယာဉ်မပျံသန်းရဇုန်သတ်မှတ်ရေးနဲ့ နှစ်နိုင်ငံကြားပိုင်ခြားထားတဲ့ စစ်မဲ့ လျော့ချရေးဇုန်မှာ တပ်ဖွဲ့ဝင်များ လျော့ချရေး စတဲ့အချက်တွေ ပါဝင်နေပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့ စစ်ရေးပူးတွဲလေ့ကျင့်မှုများကို အရှိန်မြင့်လုပ်ဆောင်လာခဲ့ပြီးနောက် မြောက်ကိုရီးယားနဲ့ တင်းမာမှုအရှိန်မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ မြောက်ကိုရီးယားက တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပြုလုပ်တဲ့စစ်ရေးလေ့ကျင့်ခန်းတွေကို အမြဲတမ်းပြစ်တင်ဝေဖန်လေ့ရှိပြီး အဲဒီစစ်ရေးလေ့ကျင့်ခန်း က ကျူးကျော်တိုက်ခိုက်ဖို့ ကြိုတင်စီစဉ်နေတာဖြစ်ကြောင်း ဝေဖန်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၃)နှစ်ကြာရပ်နားခဲ့ရသည့် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော် ပြန်လည်ကျင်းပ၊ ခရီးသွားဧည့်သည်ဝင်ရောက်မှု များပြားဟုဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ