စနစ်ဟောင်းဖြင့် နောက်ဆုံးအကြိမ်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ ယနေ့ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆို
မျိုးကြီး/ရဲထက် (NP News) - မတ် ၈
စနစ်ဟောင်းဖြင့် နောက်ဆုံးအကြိမ်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ မြန်မာစာဘာသာရပ်ကို ယနေ့(မတ်လ ၈ ရက်) တွင် စတင်ဖြေဆိုနေပြီဖြစ်သည်။
၎င်းတက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်မှစတင်ကာ မတ်လ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုချိန်သည် နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိဖြစ်သည်။
ကျောင်းသား၊ ကျောင်းသူ (၁၇၉၇၄၂)ဦးသည် ယခု တက္ကသိုလ်ဝင်စာမေးပွဲအား ဖြေဆိုရန်အတွက် လျှောက်လွှာများတင်သွင်းခဲ့ကြောင်း နစကဘက်က အသိပေးပြောဆိုထားသည်။
“အခုဟာက စနစ်ဟောင်းနဲ့ နောက်ဆုံးအကြိမ်ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲပါ။ ပြီးခဲ့တဲ့နှစ်မှာ အ ကြောင်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ စာမဖြေလိုက်ရတဲ့ကျောင်းသား၊ စာမေးပွဲကျခဲ့တဲ့ ကျောင်းသားတွေအတွက် ပြုလုပ်ပေးတဲ့ နောက်ဆုံး အကြိမ်စာမေးပွဲလည်း ဖြစ်ပါတယ်။ စာကို သေချာလေ့လာစေချင်ပါတယ်။ အရမ်းအရေးကြီးပါတယ်။ ဒါက အဲဒီကျောင်းသားတွေအတွက် နောက်ဆုံးအကြိမ်မိုလို့ပါ။ စာကို ကြိုးစားဖြေကြပါ” ဟု အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမတစ်ဦးက မှတ်ချက်ပြုပြောဆိုထား သည်။
ယခုကျင်းပလျက်ရှိသည့် စာမေးပွဲသည် ပြီးခဲ့သော ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ဖြေဆိုခွင့်မရခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအတွက် စနစ်ဟောင်း၊ သင်ရိုးဟောင်းဖြင့် နောက်ဆုံးအကြိမ် ကျင်းပသည့် စာမေးပွဲတစ်ခုလည်းဖြစ်သည်။
ပြီးခဲ့သော ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၈၁၇၅၁)ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံးအောင်ချက် ရာခိုင်နှုန်းအနေဖြင့် ၄၆ ဒသမ ၈၈ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။
zawgyi version
စနစ္ေဟာင္းျဖင့္ ေနာက္ဆုံးအႀကိမ္က်င္းပသည့္ တကၠသိုလ္ဝင္စာေမးပြဲ၌ ယေန႔ ျမန္မာစာဘာသာရပ္ကို စတင္ေျဖဆို
မ်ိဳးႀကီး/ရဲထက္ (NP News) - မတ္ ၈
စနစ္ေဟာင္းျဖင့္ ေနာက္ဆုံးအႀကိမ္က်င္းပသည့္ တကၠသိုလ္ဝင္စာေမးပြဲ၌ ျမန္မာစာဘာသာရပ္ကို ယေန႔(မတ္လ ၈ ရက္) တြင္ စတင္ေျဖဆိုေနၿပီျဖစ္သည္။
၎တကၠသိုလ္ဝင္စာေမးပြဲကို မတ္လ ၈ ရက္မွစတင္ကာ မတ္လ ၁၈ ရက္အထိ က်င္းပသြားမည္ျဖစ္ၿပီး စာေမးပြဲေျဖဆိုခ်ိန္သည္ နံနက္ ၉ နာရီမွ ေန႔လည္ ၁၂ နာရီအထိျဖစ္သည္။
ေက်ာင္းသား၊ ေက်ာင္းသူ (၁၇၉၇၄၂)ဦးသည္ ယခု တကၠသိုလ္ဝင္စာေမးပြဲအား ေျဖဆိုရန္အတြက္ ေလွ်ာက္လႊာမ်ားတင္သြင္းခဲ့ေၾကာင္း နစကဘက္က အသိေပးေျပာဆိုထားသည္။
“အခုဟာက စနစ္ေဟာင္းနဲ႔ ေနာက္ဆုံးအႀကိမ္က်င္းပတဲ့ တကၠသိုလ္ဝင္စာေမးပြဲပါ။ ၿပီးခဲ့တဲ့ႏွစ္မွာ အ ေၾကာင္းအမ်ိဳးမ်ိဳး၊ ပုံစံအမ်ိဳးမ်ိဳးနဲ႔ စာမေျဖလိုက္ရတဲ့ေက်ာင္းသား၊ စာေမးပြဲက်ခဲ့တဲ့ ေက်ာင္းသားေတြအတြက္ ျပဳလုပ္ေပးတဲ့ ေနာက္ဆုံး အႀကိမ္စာေမးပြဲလည္း ျဖစ္ပါတယ္။ စာကို ေသခ်ာေလ့လာေစခ်င္ပါတယ္။ အရမ္းအေရးႀကီးပါတယ္။ ဒါက အဲဒီေက်ာင္းသားေတြအတြက္ ေနာက္ဆုံးအႀကိမ္မိုလို႔ပါ။ စာကို ႀကိဳးစားေျဖၾကပါ” ဟု အေျခခံပညာအထက္တန္းေက်ာင္းမွ ဆရာမတစ္ဦးက မွတ္ခ်က္ျပဳေျပာဆိုထား သည္။
ယခုက်င္းပလ်က္ရွိသည့္ စာေမးပြဲသည္ ၿပီးခဲ့ေသာ ၂ဝ၂၂ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ၌ က်ရႈံးသူမ်ားႏွင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဝင္ေရာက္ေျဖဆိုခြင့္မရခဲ့သည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ စနစ္ေဟာင္း၊ သင္႐ိုးေဟာင္းျဖင့္ ေနာက္ဆုံးအႀကိမ္ က်င္းပသည့္ စာေမးပြဲတစ္ခုလည္းျဖစ္သည္။
ၿပီးခဲ့ေသာ ၂ဝ၂၂ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ၌ ေျဖဆိုခဲ့ေသာ ေက်ာင္းသား၊ ေက်ာင္းသူစုစုေပါင္း (၂၈၁၇၅၁)ဦးရွိခဲ့ၿပီး တစ္ႏိုင္ငံလုံးေအာင္ခ်က္ ရာခိုင္ႏႈန္းအေနျဖင့္ ၄၆ ဒသမ ၈၈ ရာခိုင္ႏႈန္း ေအာင္ျမင္ခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အထက်ရဲရွာရေအားလျှပ်စစ် စီမံကိန်းမှ လျှပ်စစ်ဓာတ်အားကို ၂ဝ၂၅ ခုနှစ်၊ မတ်လတွင် စမ်းသပ်ထုတ်လုပ်နိုင်ရန်မျှော်မှန်း
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း