ဆိပ်ဖြူမြို့နယ်ရှိ ကားလမ်ပေါ်တွင် PDF အဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ဆိုင်ကယ်စီးလာသူ(၂)ဦး သေဆုံး
NSS - နိုဝင်ဘာ ၂၁
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ကားလမ်ပေါ်တွင် PDF အဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော နိုဝင်ဘာလ ၁၈ ရက်၊ ညနေ ၆ နာရီခွဲခန့်တွင် ဆိပ်ဖြူမြို့နယ်၊ ရွှေဘိုကျွန်းကျေးရွာနှင့် ကျောက်ကြီးကျေးရွာအကြား၊ ဆိပ်ဖြူ-လက်ဆည်-ရွှေဘိုကျွန်း-ပေါက်ကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပေါက်မြို့နယ်၊ နံ့သာကျေးရွာနေ မခင်သန်းမွန်သည် ဆိပ်ဖြူမြို့နယ်၊ အလယ်ပိုင်းရပ်ကွက်နေ ကိုဇော်လင်း(ခ)အေးကြီး(၄၇)နှစ်နှင့်အတူ ပဲခူးတိုင်း၊ တောင်ငူမြို့မှ နံ့သာကျေးရွာသို့ပြန်လာစဉ် အထက်ပါနေရာအရောက်၌ PDF အဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းပေါက်ကွဲမှုကြောင့် မခင်သန်းမွန် နှင့် ကိုဇော်လင်း(ခ)အေးကြီးတို့ (၂)ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ည ၆ နာရီ ၄၅ မိနစ်ခန့်တွင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ ကျေးရွာချင်းဆက်လမ်းပေါ်တွင် မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသား(၂)ဦး သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆက်လက်ထုတ်ပြန်ထားသည်။
ကန်နီကျေးရွာနေ ဦးကျော်ရင်(၄၂)နှစ် နှင့် ဦးမြတ်စိုးမင်း(၄၃)နှစ်တို့သည် ၎င်းတို့ယာခင်းသို့ ခြေလျင်သွားရောက်ခဲ့စဉ် အထက်ပါနေရာအရောက်၌ PDF အဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲသွားခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းပေါက်ကွဲမှုကြောင့် ဦးကျော်ရင် နှင့် ဦးမြတ်စိုးမင်းတို့(၂)ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေးနှင့် ဥပဒေနှင့်အညီထိရောက်စွာအပြစ် ပေးအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
PNLO ၏အခြေပြုဒေသများတွင် ကယားပြည်နယ်မှစစ်ဘေးရှောင် (၈၀၀၀)ကျော်ရောက်ရှိခိုလှုံနေပြီး စစ်ဘေး ရှောင်စခန်း ၂၁ ခုဖွင့်လှစ်ထား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း