စာမေးပွဲဖြေဆိုပြီးသော စစ်တွေတက္ကသိုလ်မှ ကျောင်းသား/သူ (၁ဝဝဝဝ)ကျော် နေရပ်ပြန်နိုင်ရေး ရခိုင်အစိုးရအဖွဲ့ စီစဉ်ပေး
NSS - နိုဝင်ဘာ ၁၉
စာမေးပွဲဖြေဆိုပြီးသော စစ်တွေတက္ကသိုလ်မှ ကျောင်းသား/သူ (၁ဝဝဝဝ)ကျော် ၎င်းတို့၏ နေရပ်များသို့ ပြန်နိုင်ရေး ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စီစဉ်ပေးနေကြောင်း သိရသည်။
ယခုပညာသင်နှစ် စစ်တွေတက္ကသိုလ်(အဝေးသင်သင်တန်း) ၌ တတိယအသုတ်အဖြစ် မြန်မာစာ၊ သမိုင်း နှင့် စီးပွားရေးအထူးပြုဘာသာရပ်များကို ကျောင်းသား/ကျောင်းသူ (၁ဝဝဝဝ)ကျော် ဖြေဆိုခဲ့ကြောင်းသိရသည်။
လက်ရှိတွင် ကျောင်းသား/သူများအား ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်နေနိုင်ရေးအတွက် ရေကြောင်း၊ ကုန်းကြောင်းခရီးစဉ်များဖြင့် ပို့ဆောင်ပေးရန် စီစဉ်နေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က NP News ကို ပြော သည်။
ယနေ့(နိုဝင်ဘာ ၁၉ ရက်) တွင် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များသို့ ပြန်မည့် ကျောင်းသား/ ကျောင်းသူများကို စစ်တွေမြို့၊ ရွှေပြည်တန်အမြန်ရေယာဉ်ဆိပ်ကမ်းမှ ရေယာဉ်ဖြင့် ပို့ဆောင်ရန် စီစဉ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့နေရပ်များသို့ပြန်မည့် ကျောင်းသား/ကျောင်းသူများအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အတူ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
“ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းတွေနဲ့ ကျောင်းသားတစ်သောင်းကျော်လောက်ကို နေရပ်ပြန်ပို့နိုင်ဖို့ လုပ်ပေးနေပါတယ်။ စီစဉ်ပေးနေတာပေါ့။ ကိုယ့်ဒေသကိုယ် အမြန်ဆုံးရောက်အောင်တော့ ပို့ပေးဖို့ စီစဉ်နေပါ တယ်။ ဘူးတောင်၊ မောင်တောဘက်က ကျောင်းသားတွေများတယ်” ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူက NP News ကို ပြောသည်။
ရခိုင်ပြည်နယ်အတွင်း၌ ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA သည် နိုဝင်ဘာ ၁၃ ရက်မှ စတင်ကာ တစ်ကျော့ပြန် တိုက်ပွဲများကို ပြန်လည်ဖော်ဆောင်ခဲ့ပြီး ပြည်နယ်အတွင်းတွင် မငြိမ်သက်မှုများ ဖြစ်ပွားလျက်ရှိနေသည်။
ထိုသို့ပြန်လည်ဖော်ဆောင်သော တစ်ကျော့ပြန်တိုက်ပွဲများနှင့်အတူ ရခိုင်ပြည်နယ်အတွင်းတွင် ရေကြောင်း၊ ကုန်းကြောင်း လမ်းပန်းဆက်သွယ်ရေးများမှာ ပိတ်ဆို့ရပ်တန့်ခဲ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လန်ဒန်လေလံပွဲမှာ Macallan 1926 က ကမ္ဘာ့စျေးအကြီးဆုံး ဝီစကီပုလင်းအဖြစ် စံချိန်တင်
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း