စစ်သင်တန်းတက်ရောက်ဖူးသည့် ကျောင်းသား/သူများ၏ အချက်အလက်များပေးပို့ရန် အကြောင်းကြားစာသည် အတုသာဖြစ်ကြောင်း ဖြေရှင်း
စော (NSS) - နိုဝင်ဘာ ၁၈
တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၌ စစ်သင်တန်းတက်ရောက်ဖူးသည့် ကျောင်းသား၊ ကျောင်းသူများ၏ အချက်အလက်များပေးပို့ရန် အကြောင်းကြားစာသည် အတုသာဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနကပြောသည်။
၎င်းစာသည် အတုဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ယနေ့(နိုဝင်ဘာလ ၁၈ ရက်)တွင် မီဒီယာများကို အသိပေးပြောကြားလာခြင်းဖြစ်သည်။
အဆိုပါအကြောင်းကြားစာအတုတွင် နိုင်ငံတော်လုံခြုံရေးအခြေအနေအရ တက္ကသိုလ်၊ ဒီဂရီကောလိပ် နှင့် ကောလိပ်တို့တွင် ဖွဲ့စည်းခဲ့သည့် တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၌ စစ်သင်တန်းတက်ရောက်ဖူးသည့် ကျောင်းသား၊ ကျောင်းသူများ၏ အချက်အလက်များကို ပေးပို့ရမည်ဟု ဖော်ပြထားသည်။
ယင်း အချက်အလက်များကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးသို့ လာမည့် ဒီဇင်ဘာလ(၁၇)ရက် နောက်ဆုံးထား၍ ပေးပို့ရမည်ဟုလည်း အကြောင်းကြားစာအတု၌ ဆက်လက်ဖော်ပြထားသည်။
ထို့ကြောင့် (၂၀၂၀)ပြည့်နှစ် မတိုင်မီအထိ စစ်သင်တန်းတက်ရောက်ဖူးသည့် ကျောင်းသား၊ ကျောင်းသူများ၏ နာမည်၊ အသက်၊ မှတ်ပုံတင်အမှတ်၊ ပညာအရည်အချင်း၊ လူမျိုး၊ ဘာသာ၊ ဆက်သွယ်ရန်၊ အမြဲတမ်း(လိပ်စာ)တို့ကို အဆင့်မြင့်ပညာရေးဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်သို့ ပေးပို့ရမည်ဖြစ်ကြောင်း ၎င်းစာအတု၌ဖော်ပြထားသည်။
လတ်တလောကာလတွင် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ ပုဂ္ဂိုလ်ရေးတို့နှင့်ပတ်သက်၍ ကောလာ ဟလသတင်းများကို အချိန်ကိုက်ထုတ်လွှတ်မှုများရှိနေသည့်အတွက် ပြည်သူလူထုအနေဖြင့် သတိပြုကြရန် နစကဘက်ကအသိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘဏ်များမှငွေများကို လိုသည်ထက် ပိုမိုထုတ်ယူပါက တာဝန်ရှိသူများ၏ စောင့်ကြည့်ခြင်းကို ခံရနိုင်ဖွယ်ရှိဟု နစက အသိပေး
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း