လောက်ကိုင်မြို့တွင်ရောက်ရှိနေရာမှ စစ်ပွဲရှောင်ခဲ့ရသော ထိုင်းနိုင်ငံသား ၄၁ ဦးကို ပြန်လည်လွှဲပြောင်းပေး
ကျော် (NSS) - နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့၌ အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိနေရာမှ စစ်ပွဲရှောင်ခဲ့ရသော ထိုင်းနိုင်ငံသား ၄၁ ဦးကို ယနေ့ (နိုဝင်ဘာလ ၁၈ ရက်) ၊ နေလည်ပိုင်းက တာချီလိတ်မြို့မှတဆင့် ထိုင်းနိုင်ငံသို့ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံသား ၄၁ ဦးအား မြန်မာနိုင်ငံမှတာဝန်ရှိသူများက တာချီလိတ်မြို့မှတဆင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှတာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ကြခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါ ထိုင်းနိုင်ငံသား ၄၁ ဦးသည် လောက်ကိုင်မြို့တွင်ရောက်ရှိနေရာမှ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ကျိုင်းတုံမြို့သို့ စစ်ပွဲရှောင်များအဖြစ် ရောက်ရှိလာခဲ့ကြသူများဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသား ၄၁ ဦးတွင် အမျိုးသား ၂၃ ဦးနှင့်အမျိုးသမီး ၁၈ ဦးတို့ဖြစ်ပြီး ၎င်းတို့အား မယ်ဆိုင်မြို့မှတာဝန်ရှိသူများထံ လွှဲပြောင်းပေးခြင်းမပြုမီ ကျိုင်းတုံမြို့၌ ယာယီခိုလှုံခဲ့ကြကြောင်း သိရသည်။
ထို့နောက် ကျိုင်းတုံမြို့မှတဆင့် တာချီလိတ်မြို့သို့ ခေါ်ဆောင်လာပြီးနောက် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် ၁ တွင် မယ်ဆိုင်မြို့မှတာဝန်ရှိသူများထံ လွှဲပြောင်ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံကို ဖယ်ရှားရန်ကြိုးပမ်းနေသော အနောက်အုပ်စုနိုင်ငံများ၏ ကြိုးပမ်းမှုများ ကျရှုံးခဲ့ကြောင်း ရုရှားသမ္မတ ထုတ်ဖော်ပြောဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း