ရုရှားနိုင်ငံကို ဖယ်ရှားရန်ကြိုးပမ်းနေသော အနောက်အုပ်စုနိုင်ငံများ၏ ကြိုးပမ်းမှုများ ကျရှုံးခဲ့ကြောင်း ရုရှားသမ္မတ ထုတ်ဖော်ပြောဆို
Pika (NSS) - နိုဝင်ဘာ ၁၈
စီးပွားရေး နှင့် ယဉ်ကျေးမှုဆိုင်ရာ ပိတ်ဆို့အရေးယူမှုများဖြင့် ရုရှားနိုင်ငံကို ဖယ်ရှားရန်ကြိုးပမ်းနေသော အနောက်အုပ်စုနိုင်ငံများ၏ ကြိုးပမ်းမှုများသည် အောင်မြင်မှုမရှိခဲ့သည့်အပြင် အမြဲတမ်းကျရှုံးနေမည်ဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့ပြင် အနောက်အုပ်စုနိုင်ငံများသည် ၎င်းတို့၏အတုအယောင်သမိုင်းများနှင့် မကိုက်ညီသော အရာများအားလုံးကို ကျော်ဖြတ်နိုင်ရန် ကြိုးပမ်းနေကြောင်း သမ္မတ ပူတင်က ထပ်မံပြောဆိုခဲ့သည်။
သမ္မတပူတင်က "အနောက်ဥရောပ၊ အာရှ၊ အာဖရိက၊ လက်တင်အမေရိကတို့ရဲ့ သမိုင်းတွေဟာ တစ်ခါမှ မဖြစ်ပျက်ခဲ့ဘူးသလိုပဲ တိတ်ဆိတ်ငြိမ်သက်နေပါတယ်။ ပြီးတော့ သူတို့ဟာ ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုကို ဖယ်ရှားနိုင်ဖို့ ကြိုးပမ်းနေပါတယ်၊၊ သူတို့ဘယ်လိုပဲကြိုးစား ကြိုးစား ဒါကဘယ်တော့မှဖြစ်လာနိုင်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့နားလည်ပါတယ်။ ဒါပေမယ့်လည်း သူတို့ဟာ စစ်မှန်တဲ့ လွတ်လပ်မှု၊ဂရုဏာ၊ လူသားချင်းစာနာမှုတို့ကိုအခြေခံတဲ့ ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုကို ဖယ်ရှားနိုင်ဖို့ ကြိုးပမ်းနေတုန်းပါပဲ။ ရုရှားကိုဖယ်ရှားချင်တဲ့ မူဝါဒတွေဟာ ယဉ်ကျေးမှုဆန့်ကျင်ရေး၊ ကိုလိုနီနယ်ချဲ့ လက်သစ်တွေနဲ့ လူမျိုးရေးခွဲခြားမှုတွေကြောင့်ပါပဲ"ဟု ပြောဆိုခဲ့သည်။
ကမ္ဘာပေါ်ရှိ တင်းမာမှုများ၏ အဓိကအကြောင်းအရင်းအချို့မှာ ယဉ်ကျေးမှုများကို ဖယ်ရှားပစ်ရန် တောင်းဆိုမှုများ၊ အခြားသောဓလေ့ထုံးတမ်းများကို အထင်သေးခြင်းများတို့ကြောင့် ဖြစ်ကြောင်းပူတင်၏အဆိုအရ သိရသည်။ အဆိုပါအကြောင်းအရင်းများသည် ယဉ်ကျေးမှုများကို ဖိနှိပ်ချုပ်ချယ်မှုများနှင့် ဆင်းရဲမွဲတေမှုများကိုဖြစ်ပေါ်စေခဲ့ပြီး ပဋိပက္ခများဖြစ်ပွားလာနိုင်သည့် အလားအလာများကို ပိုမိုတိုးလာစေခဲ့ကြောင်း ပူတင်ကပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာ့စီးပွားရေးက ပြိုင်ဖက်အစုအဖွဲ့များအဖြစ် ပြိုကွဲသွားနိုင်ကြောင်း ဥရောပဗဟိုဘဏ်ဥက္ကဋ္ဌ သတိပေး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ