ဂါဇာကမ်းမြောင်ဒေသကို ချက်ချင်းအမြစ်ပြတ်ချေမှုန်းပစ်ရန် အစ္စရေးလွှတ်တော် ဒုဥက္ကဋ္ဌတိုက်တွန်း
Pika (NSS) - နိုဝင်ဘာ ၁၈
ဂါဇာကမ်းမြောင်ဒေသကို ချက်ချင်း အမြစ်ပြတ်ချေမှုန်းပစ်ရန် အစ္စရေးအကြီးတန်းလွှတ်တော်အမတ်တစ်ဦးက စစ်တပ်ကို တိုက်တွန်းခဲ့ကြောင်းသိရသည်။
ထို့ပြင် ဟားမက်လက်နက်ကိုင်အဖွဲ့အနေဖြင့် ဖမ်းဆီးထားသော ဓားစာခံများအားလုံးကို ပြန်လွှတ်မပေးပါက ပါလက်စတိုင်းနယ်မြေအတွင်းသို့ လောင်စာဆီများ ဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။ အစ္စရေးလွှတ်တော် ဒုဥက္ကဋ္ဌ Nissim Vaturi ၏မှတ်ချက်ပေးမှုသည် အစ္စရေး-ဟားမက်စစ်ပွဲနှင့်ပတ်သက်ပြီး အစ္စရေးနိုင်ငံရေးသမားများ၏ မှတ်ချက်ပေးမှုများတွင် နောက်ဆုံးအကြိမ်ဖြစ်ကြောင်းသိရသည်။
Nissim Vaturi က "ဂါဇာမှာ အင်တာနက်ရှိ/မရှိဆိုတဲ့အချက်နဲ့ အခြားအချက်တွေအားလုံးကို စိတ်ဝင်စားမှုမရှိတာက ကျွန်တော်တို့က အရမ်းလူသားဆန်တာကို ပြသနေတာပါ။ ဂါဇာကို ချက်ချင်းအမြစ်ပြတ်ချေမှုန်းပစ်သင့်ပါတယ်။ ဟားမက်တွေ ဖမ်းဆီးထားတဲ့ ဓါးစာခံတွေကို ပြန်လွှတ်မပေးမချင်း ဂါဇာကမ်း မြောင်ဒေသကို လောင်စာဆီတွေ၊ သောက်သုံးရေတွေ ဝင်ရောက်ခွင့်မပေးနိုင်ပါဘူး"ဟုပြောဆိုခဲ့သည်။
ယခုလအစောပိုင်းတွင် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုသည် ဂါဇာကမ်းမြောင် ဒေသကို နျူကလီးယားလက်နက်ဖြင့် တိုက်ခိုက်ရန်အကြုံပြုခဲ့သော ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်ဝန်ကြီး Amihai Eliyahu ကို ရာထူးမှဆိုင်းငံ့ခဲ့ကြောင်းလည်း သိရသည်။ ဟားမက်လက်နက်ကိုင်အဖွဲ့သည် အောက်တိုဘာ လ(၇)ရက်တွင် အစ္စရေးကို ဒုံးကျည်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အစ္စရေးဘက်မှ လူ(၁၄၀၀)ကျော် သေဆုံးခဲ့ကြောင်းသိရသည်။
ထို့နောက် အစ္စရေးဘက်မှ လက်တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းနိုင်ငံသား အနည်းဆုံး(၁၁ဝဝဝ)ကျော် သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းနိုင်ငံက ပြိုလဲပျက်စီးနေပြီဖြစ်ကြောင်း ယူကရိန်းဝန်ကြီးချုပ်ဟောင်း ထုတ်ဖော်ပြောဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ