အမျိုသမီးတစ်ဦး နေအိမ်အပေါ်ထပ်၌ ငှက်စာကျွေးနေစဉ် ဓာတ်လိုက်သေဆုံးမှု မကွေးမြို့တွင် ဖြစ်ပွား
သန့်ဇင် (NSS) - နိုဝင်ဘာ ၁၈
မကွေးတိုင်း၊ မကွေးမြို့တွင် အမျိုးသမီးတစ်ဦး နေအိမ်အပေါ်ထပ်၌ ငှက်စာကျွေးနေစဉ် ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဓာတ်လိုက်သေဆုံးမှုသည် ယနေ့(နိုဝင်ဘာလ ၁၈ ရက်)၊ နံနက် ၇နာရီ ၁၀မိနစ်အချိန်ခန့်တွင် မကွေးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ရန်ကင်းဈေးအရှေ့ဘက်ရှိ နေအိမ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့လဲ အဲဒီအန်တီက အိမ်အပေါ်ထပ်မှာ ငှက်တွေအစာကျွေးနေရင်းကနေ ဓာတ်လိုက်ဆုံးသွားတာပဲ သိခဲ့ရတာပါ။ ဖြစ်စဉ် အတိအကျတော့ ကျွန်တော်တို့လဲ သေချာမသိခဲ့ဘူး”ဟု ရွှေရောင်မေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါ ဓာတ်လိုက်သေဆုံးသူအမျိုးသမီးသည် အသက်(၅၀)ကျော်ဝန်းကျင်အရွယ်ဖြစ်ပြီး နေအိမ်အပေါ် ထပ်တွင် လျှပ်စစ်ဓာတ်ကြိုးကို မတော်တဆထိမိရာမှ ဓာတ်လိုက်သေဆုံးသွားခဲ့သည်ဟု ယူဆရကြောင်း အထက်ပါအသင်းက ပြောသည်။
ထို့ကြောင့် ဓာတ်လိုက်သေဆုံးသူအမျိုးသမီးအား ရွှေရောင်မေတ္တာလူမှုကူညီရေးအသင်းမှ မကွေးမြို့နယ်ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မွန်ပြည်နယ် နှင့် ကရင်ပြည်နယ်ကို ဆက်သွယ်ပေးသော အတ္တရံမြစ်ကူးတံတား မိုင်းခွဲဖျက်ဆီးခံရ၍ ကျိုးကျပျက်စီးခဲ့
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း