KNPP နှင့် PDF အဖွဲ့များထံ ပို့ဆောင်မည့် လက်နက်ခဲယမ်းများစွာကို သယ်ယူပို့ဆောင်ပေးနေသူ (၇)ဦးနှင့်အတူ ပင်လုံမြို့၌ ဖမ်းဆီးရမိ
မြူနစ် (NSS) - နိုဝင်ဘာ ၁၇
KNPP နှင့် PDF အဖွဲ့များထံ ပို့ဆောင်မည့် လက်နက်ခဲယမ်းများစွာကို သယ်ယူပို့ဆောင်ပေးနေသူ (၇)ဦးနှင့်အတူ ပင်လုံမြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
လက်နက်ခဲယမ်းများစွာနှင့်အတူ သယ်ယူပို့ဆောင်သူများအား ဖမ်းဆီးရမိမှုအခြေအနေနှင့်ပတ်သက်၍ နစကမှ ယနေ့(နိုဝင်ဘာလ ၁၇ ရက်) ညပိုင်းတွင် အသိပေးထုတ်ပြန်ထားသည်။
ဒေသခံတိုင်းရင်းသားပြည်သူများ၏ သတင်းပေးပို့မှုအရ ယမန်နေ့(နိုဝင်ဘာလ ၁၆ ရက်)တွင် ကယားပြည်နယ်အတွင်းရှိ KNPP နှင့် PDF အဖွဲ့များထံသို့ လက်နက်ခဲယမ်းများ သယ်ယူပို့ဆောင်ပေးနေသည့် ပင်လုံမြို့၊ ပန်မုန့်အုပ်စု၊ လွယ်တပ်ကျေးရွာ၊ New Power စက်သုံးဆီဆိုင်ပိုင်ရှင် ခွန်သောင်းထွန်းကို ဖမ်းဆီးရမိခဲ့သည်ဟု နစကမှ ဆိုသည်။
ထို့ပြင် ခွန်သောင်းထွန်း၏ ထွက်ဆိုချက်အရ ပင်လုံမြို့၊ ပန်မုန့်ကျေးရွာနေ ပေတူး(ခ)မာရီယာနို၏ နေအိမ်ခြံဝင်းအတွင်းရှိ ဂိုထောင်အဆောက်အဦး၌ ခွန်အောင်မင်း၊ ခွန်နေမျိုး၊ ကျော်ဇင်ထွန်း၊ ခွန်အောင်ကျော်မြင့် နှင့် ခွန်အောင်ကျော်တို့ (၅)ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
အဆိုပါ (၅)ဦးအား KNPP နှင့် PDF အဖွဲ့များထံ ပို့ဆောင်မည့် RPG ဒုံးပစ်လောင်ချာ (၁၂)လက်၊ တရုတ်စက်လတ် (၉)လက်၊ Type-81 မောင်းပြန်ရိုင်ဖယ် (၁၀၉)လက် စုစုပေါင်းလက်နက်မျိုးစုံ (၁၃၀)လက်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် RPG ဒုံးသီး (၁၀၆)လုံး၊ အီနာဂါဗုံးသီး (၆၁၀၀)၊ တရုတ်ကြိုးဆွဲလက်ပစ်ဗုံး (၁၄၂၆)လုံး စုစုပေါင်းဗုံးသီးမျိုးစုံ (၇၆၃၂)လုံးကို ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း နစကမှ ဆိုသည်။
အလားတူ ၇.၆၂ ကျည် (၁၃၆၇၀)တောင့်၊ ၁၀၇ မမစနက်အုံ (၁၀၀)ခု၊ လက်နက် ပြောင်းအပို (၅၀၀)ချောင်း၊ ကျည်အိမ်မျိုးစုံ (၁၈၂၉)ခု၊ TNT ယမ်း (၉၅၀) ကီလိုဂရမ်၊ အမိုနီယမ်နိုက်ထရိတ် (၂၀၀)ကီလိုဂရမ်၊ Equipment (၂၀၀၀) စုံ၊ Canter အမျိုးအစား(လိုင်စင်မဲ့) ခြောက်ဘီးယာဉ် (၃)စီး၊ Ford အမျိုးအစား(လိုင်စင်မဲ့)ကား တစ်စီးနှင့် Vigo အမျိုးအစား(လိုင်စင်မဲ့)ကားတစ်စီးတို့ကို လည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးကျန်ရှိနေသော ပေတူး(ခ)မာရီယာနိုအား ယနေ့(နိုဝင်ဘာလ ၁၇ ရက်) နံနက်ပိုင်းတွင် ထပ်မံဖမ်းဆီးရမိခဲ့ပြီး ၎င်းသည် ကယားပြည်နယ်ဘက်သို့ လက်နက်ခဲယမ်းများ အဓိက ပို့ဆောင်ပေးနေသူ ဖြစ်ကြောင်း နစကမှ ဆိုသည်။
ယခုကဲ့သို့ ဖမ်းရမိသူများ၏ ထွက်ဆိုချက်အရ ၎င်းလက်နက်ခဲယမ်းများကို ပင်လုံ မြို့နယ်၊ ကုန်းကျောင်းကျေးရွာသို့ လာရောက်ပို့ဆောင်သော SSPP/SSA ယူနီ ဖောင်းဝတ်ဆင်ထားသူ (၁၀)ဦးထံမှ (၄)ကြိမ်ခွဲကာ သွားရောက်သယ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါလက်နက်ခဲယမ်းများကို နေအိမ်ခြံဝင်းအတွင်းရှိ ဂိုထောင်အဆောက်အဦး၌ စုစည်းထားကာ ကယားပြည်နယ်ဘက်သို့ ခြောက်ဘီးကားဖြင့် ဆက်လက်ပို့ဆောင်ရန် စီစဉ်နေစဉ်အချိန်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟုလည်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ထို့ကြောင် လက်နက်ခဲယမ်းများစွာနှင့်အတူ ဖမ်းဆီးရမိခဲ့သူများကို ဥပဒေအရထိ ရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း နစကမှ အသိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Online လိမ်လည်မှု ၊ KNPP နဲ့ PDF တွေဆီက လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိမှု၊ ထိတွေ့တိုက်ပွဲများနှင့်ဘဏ်ကိစ္စများကို ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ