AA အဖွဲ့ ဝင်ရောက်မှုရှိခဲ့သော ပေါက်တောမြို့ကို ပြန်လည်ထိန်းချုပ်ထားကြောင်း နစကပြောခွင့်ရဆို
မြူနစ် (NSS) - နိုဝင်ဘာ ၁၇
ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA ဝင်ရောက်မှုရှိခဲ့သော ပေါက်တောမြို့ကို ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း နစကပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ ၁၆ ရက်တွင် နိုင်ငံအတွင်း တိုက်ပွဲအခြေအနေများနှင့်ပတ်သက်၍ မီဒီယာများကို ရှင်းလင်းပြောကြားရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ (နိုဝင်ဘာလ ၁၆ ရက်)တွင် ရခိုင်ပြည်နယ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်ခြား မှတ်တိုင် ဘီပီ-၄၆ ၏ အရှေ့ဘက်နှင့် ခမောင်းဆိပ်၏ မြောက်ဘက်ရှိ ဒုံးညိုရဲစခန်း၌ လုံခြုံရေးအဖွဲ့ နှင့် AA တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နစကဘက်က ပြော သည်။
ထို့ပြင် AA အဖွဲ့သည် ရခိုင်ပြည်နယ်ရှိ ပေါက်တောနယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်မှုများရှိခဲ့ကြောင်း သိရသည်။
“ပေါက်တောမှာတော့ ပေါက်တောနယ်မြေရဲစခန်းကို AA အဖွဲ့ဝင်ရောက်ခဲ့တာရှိတယ်။ ပြီးရင် သူတို့ဝါဒဖြန့်တာရှိတယ်။ ပေါက်တောတစ်မြို့လုံးကို ထိန်းချုပ်နိုင်ပြီဆိုပြီး ဝါဒဖြန့်တာရှိတယ်။ တပ်မတော်အနေနဲ့ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးအဖွဲ့အနေနဲ့ ဒီနေ့ နေ့ခင်းပိုင်းမှာ ပေါက်တောကို ရောက်ရှိပါတယ်။ ရောက်ရှိသွားတဲ့အခါမှာ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရောက်ရှိတာနဲ့ ရန်သူများ ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။ ပေါက်တောကို ပြန်လည်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ရခိုင်ပြည်နယ်၌ နိုဝင်ဘာလ ၁၃ ရက်မှစ၍ တိုက်ပွဲပြန်လည်ဖော်ဆောင်ခဲ့သော ULA/AA ကို တပ်မတော်အနေဖြင့် ကြည်းကြောင်း၊ ရေကြောင်းတို့ဖြင့် တုံ့ပြန်တိုက်ခိုက်နေကြောင်း နစကပြောခွင့်ရက ပြောကြားခဲ့ဖူးသည်။
“လမ်းတွေကတော့ လောလောဆယ် ပိတ်ထားတုန်းပဲ။ သွားလို့လာလို့တော့ မရသေးဘူး။ ရခိုင်ပြည်နယ်အဝင်/အထွက်တွေကို လောလောဆယ်ပိတ်ထားတယ်။ ဘယ်တော့လောက် ဖွင့်မယ်ဆိုတာတော့ ကျွန်တော်တို့လည်း မသိသေးဘူး”ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့မှုနှင့်အတူ လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းများ လုံးဝပိတ်ဆို့သွားခဲ့ပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ဒေသခံပြည်သူများအနေဖြင့် ခံစားရလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အမြှောက်ကျည်ဆံရရှိမှု လျော့နည်းလာခဲ့ကြောင်း ယူကရိန်းသမ္မတ ဝန်ခံ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း