ဂါဇာစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အမြှောက်ကျည်ဆံရရှိမှု လျော့နည်းလာခဲ့ကြောင်း ယူကရိန်းသမ္မတ ဝန်ခံ
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၇
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ဖြစ်ပွားလာခဲ့ပြီးနောက်ပိုင်း အနောက်အုပ်စုနိုင်ငံတွေက ယူကရိန်းနိုင်ငံကို အမြှောက်ကျည်ဆံပေးမှုတွေ လျော့နည်းကျဆင်းလာခဲ့ကြောင်း ယူကရိန်းသမ္မတက ဇီလန်စကီး က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ယူကရိန်းနိုင်ငံ အရှေ့ဘက်ပိုင်းတိုက်ပွဲတွေမှာ အဓိကအသုံးပြုနေရတဲ့ ၁၅၅ မီလီမီတာအမြှောက်ကျည်ဆံတွေ ရရှိမှု နည်းပါးလာခဲ့တာဖြစ်ကြောင်း၊ ယူကရိန်းသမ္မတက ထပ်မံပြောဆိုထားပါတယ်။ ယူကရိန်းသမ္မတ က " ကျွန်တော်တို့ကို အမြှောက်ကျည်ဆံတွေ လွှဲပြောင်းပေးပို့မှုတွေ ကျဆင်းလာခဲ့တယ်။ အမှန်တကယ်ကို လျော့နည်း လာခဲ့တယ်" လို့ ပြောပါတယ်။
အမေရိကန်အစိုးရဟာ ဂါဇာဒေသစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းကို အမြှောက်ကျည်ဆံပေးပို့မှု မလုပ်ဆောင်ခဲ့ဘူး။ လူတိုင်းဟာ အမြှောက်ကျည်ဆံဖို့ ရုန်းကန်နေရတယ်" လို့ ပြောပါတယ်။
ယူကရိန်းအပြင် ရုရှားနိုင်ငံဟာလည်း အမြှောက်ကျည်ဆံရရှိဖို့ ရုန်းကန်နေခဲ့ရကြောင်း သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ရုရှားနိုင်ငံကို ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့ အမြှောက်ကျည်ဆံအရေအတွက် ၁ သန်း ကျော် ကူညီထောက်ပံ့ပေးခဲ့ကြောင်း တောင်ကိုရီးယားအစိုးရ မကြာသေးမီက ဝေဖန်ခဲ့ပါတယ်။
ဥရောပသမဂ္ဂဟာ ယူကရိန်းကို တစ်နှစ်အတွင်း အမြှောက်ကျည်ဆံအရေအတွက် တစ်သန်းကျော်ကူညီပေးဖို့ စီစဉ် ထားပေမယ့် အဲဒီအရေတွက်မျိုးရရှိဖို့ မလွယ်ကူကြောင်း ဂျာမနီအစိုးရ သတိပေးခဲ့ပါတယ်။ ယူကရိန်းနဲ့ ရုရှားနိုင်ငံ ကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ အချိန် ၂ နှစ်နီပါး ရှိလာနေပြီး ယူကရိန်းဟာ သိမ်းပိုက်ခံထားရတဲ့နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ခြင်းမျိုး မရှိသေးတာမျိုးဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်း ထူးခြားဖြစ်စဥ်သတင်းများ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း