ပီရူးနိုင်ငံမှာ အပူချိန်ကြောင့် ရှားပါးလိပ်ပေါက်ဖွားမှု မြင့်တက်
ရောင်နီ (NSS) - နိုဝင်ဘာ ၁၇
ပီရူးနိုင်ငံ အမေဇုန်မှာ မြင့်မားပြင်းထန်တဲ့ အပူလှိုင်းနဲ့ မိုးခေါင် မှုကြောင့် လိပ်ပေါက်ဖွားမှု မြင့်တက်လာပြီး ဒေသ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအစီအစဉ်တစ်ခုရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ဇီဝဗေဒပညာရှင်တွေက အမေဇုန်မြစ်ထဲ ကို ထောင်နဲ့ချီတဲ့လိပ်တွေ လွှတ်ပေးနိုင်ခဲ့ပါတယ်။
အဝါရောင်အစက်အပြောက်လေးတွေရှိတဲ့ အမေဇုန်မြစ်လိပ် ၃၂ဝဝ ခန့်ဟာ အမဲလိုက်ခံရခြင်းရဲ့ ခြိမ်းခြောက်ခံ နေရတဲ့မျိုးစိတ်တွေမှ အရေအတွက်ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ လိပ်ပေါက်ငယ်တွေကို အင်္ဂါနေ့ (နိုဝင်ဘာ ၁၄ ရက်) က မြစ်ကမ်းနားအထိ ကွန်တိန်နာတွေနဲ့ ဂရုတစိုက် သယ်ဆောင်လာပြီးနောက် ဒေသခံကလေးတွေရဲ့ အကူအညီနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။
"ဒီနှစ်ထဲ မိုခေါင်ရေရှားမှု နည်းနည်းပါးပါးကြုံဖူးတယ်။ အဲဒါကြောင့် နေအရမ်းပြင်းတဲ့အတွက် အရင်နှစ်တွေထက် စာရင် အကောင်ပေါက်တာ နည်းနည်းပိုများတယ်" လို့ Amarumayu Movement မှ ဇီဝဗေဒပညာရှင် ဇာဘရီနာပီပါပီရီယာ က ပြောပါတယ်။
ပီရူးဟာ အိမ်နီးချင်း ဘရာဇီးပြီးရင် ဒုတိယအကြီးဆုံး အမေဇုန် မိုးသစ်တောနယ်မြေဖြစ်ပါတယ်။ အညိုရောင် (သို့မဟုတ်) သံလွင်ရောင်အခွံပါရှိတဲ့လိပ်တွေဟာ ၎င်းတို့ရဲ့ထူးခြားတဲ့အဝါရောင်အစက်အပြောက်တွေနဲ့ အနက်ရောင်အကြေးခွံတွေကြောင့် လူသိများပါတယ်။ ပီပါရဲ့အဆိုအရ ပုံမှန်အားဖြင့် ၎င်းတို့ရဲ့ပေါက်ဖွားတဲ့ ကာလဟာ ရက် ၆ဝ မှ ၇၂ ရက်အထိ ကြာမြင့်တတ်ပေမယ့် ယခုနှစ်မှာ ၄၅ ရက်ခန့်အထိ စောကာ ပေါက်ဖွားလာနေတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြို့ပြပြောက်ကျား စစ်နည်းဗျူဟာ၏ ရည်ရွယ်ချက်၊ ဘေးထွက်ဆိုးကျိုးနှင့် မာရဝီ သင်ခန်းစာ (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ