အိန္ဒိယနိုင်ငံမှာ ဒုက္ခသည်အဖြစ်နေထိုင်နေတဲ့ မြန်မာအမျိုးသမီးတစ်ဦး အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရဟုဆို
ဂျန်ဇက် (NP News) - မတ် ၇
အိန္ဒိယနိုင်ငံ ဒေလီမြို့ရှိ Kalindi Kunj ဒေသတောင်ပိုင်းမှာ အသက် (၂၂)နှစ်အရွယ်ရှိ မြန်မာအမျိုးသမီးကို ပြန်ပေးဆွဲကာ အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့သူလေးဦးကို လက်ရှိအချိန်အထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်းအိန္ဒိယရဲတပ်ဖွဲ့က ပြောပါတယ်။
မြန်မာအမျိုးသမီးဟာ ဖေဖော်ဝါရီလ ၂၂ ရက်က ပြန်ပေးဆွဲခံရကာ အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရခြင်းဖြစ်ပြီး အိန္ဒိယ Kalindi Kunj ရဲစခန်းမှာ ဖေဖော်ဝါရီလ ၂၆ ရက်က အမှုဖွင့်ထားခဲ့ကြောင်းသိရပါတယ်။ မြန်မာအမျိုးသမီးက ၎င်းကို Delhi-Haryana ကားလမ်းနားမှာ ကားသမားတစ်ဦးက ကားနဲ့အတင်းအဓမ္မ ခေါ်ဆောင်ပြန်ပေးဆွဲခဲ့ပြီး အခန်းတစ်ခန်းထဲမှာကားသမားနဲ့အတူ အခြားအခြားအမျိုးသား သုံးဦးရဲ့အဓမ္မပြုကျင့်ခံရကြောင်း ထွက်ဆိုထားပါတယ်။
အဆိုပါ အဓမ္မပြုကျင့်ခံရတဲ့ မြန်မာအမျိုးသမီးဟာ အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး အသက် (၂)နှစ်ခွဲအရွယ်ရှိ သမီးတစ်ဦး၊ ခင်ပွန်းဖြစ်သူတို့နဲ့အတူ အိန္ဒိယနိုင်ငံ Vikaspuri အရပ်မှာဒုက္ခသည်အဖြစ်နေထိုင်နေသူဖြစ်ကြောင်းသိရပါတယ်။ မြန်မာအမျိုးသမီးက ၎င်းဟာ နေမကောင်းဖြစ်တဲ့အတွက် ခင်ပွန်းဖြစ်သူနဲ့အတူ ဖေဖော်ဝါရီလ ၂၂ ရက်မှာ Kalindi Kunj ဒေသကို ဆေးခန်းလာပြခဲ့ကြောင်း၊ ဆရာဝန်နဲ့တွေ့ဆုံပြီးနောက် ဆေးခန်းမှပြန်လာချိန်ဟာ ည ၉ နာရီခွဲကျော်နေပြီဖြစ်တယ်လို့ ပြောပါတယ်။ ခင်ပွန်းဖြစ်သူဟာ ကားလမ်းရဲ့အခြားဘက်ခြမ်းမှာ အိမ်သာသွားတက်နေခဲ့အချိန် ၎င်းက ကားလမ်းမှာရပ်နေချိန်မှာ ကားသမားတစ်ဦးရဲ့ ပြန်ပေးဆွဲခံရခြင်းဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
မြန်မာအမျိုးသမီးက သူမ နဲ့ သမီးငယ်လေးတို့ဟာ ကားသမားခေါ်ဆောင်ရာနောက်ကို လိုက်ခဲ့ရပြီးတစ်ခါမှ ရောက်ဖူးသိရှိခြင်းမရှိတဲ့နေရာကိုခေါ်ဆောင်ကာ အခန်းထဲမှာ ကားသမားနဲ့အတူအခြားအမျိုးသား သုံးဦးရဲ့ အဓမ္မပြုကျင့်မှုခံခဲ့ရကြောင်း ရဲစခန်းမှာထွက်ဆိုထားပါတယ်။
zawgyi version
အိႏၵိယႏိုင္ငံမွာ ဒုကၡသည္အျဖစ္ေနထိုင္ေနတဲ့ ျမန္မာအမ်ိဳးသမီးတစ္ဦး အုပ္စုဖြဲ႕အဓမၼျပဳက်င့္ခံရဟုဆို
ဂ်န္ဇက္ (NP News) - မတ္ ၇
အိႏၵိယႏိုင္ငံ ေဒလီၿမိဳ႕ရွိ Kalindi Kunj ေဒသေတာင္ပိုင္းမွာ အသက္ (၂၂)ႏွစ္အ႐ြယ္ရွိ ျမန္မာအမ်ိဳးသမီးကို ျပန္ေပးဆြဲကာ အုပ္စုဖြဲ႕အဓမၼျပဳက်င့္ခဲ့သူေလးဦးကို လက္ရွိအခ်ိန္အထိ ဖမ္းဆီးႏိုင္ျခင္းမရွိေသးေၾကာင္းအိႏၵိယရဲတပ္ဖြဲ႕က ေျပာပါတယ္။
ျမန္မာအမ်ိဳးသမီးဟာ ေဖေဖာ္ဝါရီလ ၂၂ ရက္က ျပန္ေပးဆြဲခံရကာ အုပ္စုဖြဲ႕အဓမၼျပဳက်င့္ခံရျခင္းျဖစ္ၿပီး အိႏၵိယ Kalindi Kunj ရဲစခန္းမွာ ေဖေဖာ္ဝါရီလ ၂၆ ရက္က အမႈဖြင့္ထားခဲ့ေၾကာင္းသိရပါတယ္။ ျမန္မာအမ်ိဳးသမီးက ၎ကို Delhi-Haryana ကားလမ္းနားမွာ ကားသမားတစ္ဦးက ကားနဲ႔အတင္းအဓမၼ ေခၚေဆာင္ျပန္ေပးဆြဲခဲ့ၿပီး အခန္းတစ္ခန္းထဲမွာကားသမားနဲ႔အတူ အျခားအျခားအမ်ိဳးသား သုံးဦးရဲ႕အဓမၼျပဳက်င့္ခံရေၾကာင္း ထြက္ဆိုထားပါတယ္။
အဆိုပါ အဓမၼျပဳက်င့္ခံရတဲ့ ျမန္မာအမ်ိဳးသမီးဟာ အိမ္ေထာင္သည္တစ္ဦးျဖစ္ၿပီး အသက္ (၂)ႏွစ္ခြဲအ႐ြယ္ရွိ သမီးတစ္ဦး၊ ခင္ပြန္းျဖစ္သူတို႔နဲ႔အတူ အိႏၵိယႏိုင္ငံ Vikaspuri အရပ္မွာဒုကၡသည္အျဖစ္ေနထိုင္ေနသူျဖစ္ေၾကာင္းသိရပါတယ္။ ျမန္မာအမ်ိဳးသမီးက ၎ဟာ ေနမေကာင္းျဖစ္တဲ့အတြက္ ခင္ပြန္းျဖစ္သူနဲ႔အတူ ေဖေဖာ္ဝါရီလ ၂၂ ရက္မွာ Kalindi Kunj ေဒသကို ေဆးခန္းလာျပခဲ့ေၾကာင္း၊ ဆရာဝန္နဲ႔ေတြ႕ဆုံၿပီးေနာက္ ေဆးခန္းမွျပန္လာခ်ိန္ဟာ ည ၉ နာရီခြဲေက်ာ္ေနၿပီျဖစ္တယ္လို႔ ေျပာပါတယ္။ ခင္ပြန္းျဖစ္သူဟာ ကားလမ္းရဲ႕အျခားဘက္ျခမ္းမွာ အိမ္သာသြားတက္ေနခဲ့အခ်ိန္ ၎က ကားလမ္းမွာရပ္ေနခ်ိန္မွာ ကားသမားတစ္ဦးရဲ႕ ျပန္ေပးဆြဲခံရျခင္းျဖစ္တယ္လို႔ ေျပာဆိုထားပါတယ္။
ျမန္မာအမ်ိဳးသမီးက သူမ နဲ႔ သမီးငယ္ေလးတို႔ဟာ ကားသမားေခၚေဆာင္ရာေနာက္ကို လိုက္ခဲ့ရၿပီးတစ္ခါမွ ေရာက္ဖူးသိရွိျခင္းမရွိတဲ့ေနရာကိုေခၚေဆာင္ကာ အခန္းထဲမွာ ကားသမားနဲ႔အတူအျခားအမ်ိဳးသား သုံးဦးရဲ႕ အဓမၼျပဳက်င့္မႈခံခဲ့ရေၾကာင္း ရဲစခန္းမွာထြက္ဆိုထားပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေနံချောင်းမြို့ရှိ ညောင်လှချောင်းသာတွင် ရေဆင်းဆော့ရာမှ ကလေးငယ်(၄)ဦး ရေနစ်သေဆုံး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း