Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရေနံချောင်းမြို့ရှိ ညောင်လှချောင်းသာတွင် ရေဆင်းဆော့ရာမှ ကလေးငယ်(၄)ဦး ရေနစ်သေဆုံး

NP News - မတ် ၇

မကွေးတိုင်း၊ ရေနံချောင်းမြို့ရှိ ဧရာဝတီမြစ်အတွင်း ရေဆင်းဆော့ရာမှ ကလေးငယ်(၄)ဦး ရေနစ်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဥ်မှာ ယမ‌န်နေ့(မတ်လ ၆ ရက်)၊ ညနေ(၅)နာရီ အချိန်တွင် ရေနံချောင်းမြို့၊ ဧရာဝတီမြစ်အတွင်းရှိ ဒေသအခေါ် ညောင်လှချောင်းသာတွင် ဖြစ်ပွားခဲ့ကြောင်း ရောင်စုံ‌မေတ္တာလူမှုကူညီရေးအသင်းထံမှ သိရသည်။

“သူတို့ကတော့ ချောင်းသာလို့ခေါ်တာလေးရှိတယ်၊ ညောင်လှချောင်းသာလို့ ခေါ်ကြတာပေါ့။ အဲဒီမှာ ကလေး(၄)ယောက်က ဟိုဖက်ကမ်းနဲ့ ဒီဘက်ကမ်းကို ဖြတ်ပြီးတော့ ရေဆော့ကြတာပေါ့၊ ဆော့ရင်းနဲ့ ရေနက်ပိုင်းထဲ‌ရောက်တော့ နစ်သွားကြတာပါ” ဟု ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ရေနစ်သေဆုံးသူများသည် အသက်မပြည့်သေးသည့် ကလေးငယ်များဖြစ်ပြီး  ရှာဖွေကယ်ဆယ်မှုများကြောင့် အသက်(၅)နှစ်အရွယ် ‌ယောင်္ကျားလေးဖြစ်သူ၏ အ‌လောင်းအား ယနေ့(မတ်လ ၇ရက်) နံနက်(၁၁)နာရီအချိန်တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

“ဖြစ်တာက မနေ့က ညနေ(၅)နာရီလောက်မှ ဖြစ်တာ။ ကျွန်တော်တို့ဆီ သတင်း‌ရောက်တော့ (၁၁)နာရီလောက်ဖြစ်နေပြီ။ အဲ့အချိန်တုန်းက ခဏတော့ရှာလိုက်သေးတယ်၊ မတွေ့ဘူး။ ဒီနေ့ထပ်ရှာတော့ (၅)နှစ်အရွယ် ကလေးရဲ့အလောင်းကို ပြန်တွေ့ ပါပြီ။ ကျန်တဲ့(၃)ယောက်ကိုတော့ ဆက်ပြီးရှာနေပါတယ်” ဟု ၎င်းမှ ဆက်လက်ပြောဆိုထားသည်။

ကျန်ရှိနေသည့် ကလေးငယ်(၃)ဦးတွင် မိန်းကလေး(၂)ဦးနှင့် ယောင်္ကျားလေး(၁)ဦး ပါဝင်ပြီး ၎င်းတို့အား ဆက်လက်ရှာဖွေမှု များ လုပ်ဆောင်နေကြောင်း သိရသည်။ 

အဆိုပါ ကလေးငယ်(၄)ဦးသည် ရေနံချောင်းမြို့ရှိ ရပ်ကွက်တစ်ခုအတွင်းမှ  ဖြစ်ကြောင်း သိရသည်။

ယခုရက်ပိုင်းတွင် မြို့နယ်အချို့၌ ရေနစ်သေဆုံးမှုများ အများအပြားရှိနေပြီး ပြီးခဲ့သည့် မတ်လ(၅)ရက်နေ့ကလည်း စစ်ကိုင်းမြို့၊ ဧရာဝတီမြစ်ဘေးရှိ ဆိပ်ကမ်းတစ်ခုတွင် ကိုရင်(၃)ပါး ‌ရေဆင်းချိုးရာမှ ရေနစ်ခဲ့ရာ တစ်ပါးပျံလွန်တော် မူခဲ့ကြောင်း သိရသည်။

zawgyi version

ေရနံေခ်ာင္းၿမိဳ႕ရွိ ေညာင္လွေခ်ာင္းသာတြင္ ေရဆင္းေဆာ့ရာမွ ကေလးငယ္(၄)ဦး ေရနစ္ေသဆုံး

NP News - မတ္ ၇

မေကြးတိုင္း၊ ေရနံေခ်ာင္းၿမိဳ႕ရွိ ဧရာဝတီျမစ္အတြင္း ေရဆင္းေဆာ့ရာမွ ကေလးငယ္(၄)ဦး ေရနစ္ေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမ‌န္ေန႔(မတ္လ ၆ ရက္)၊ ညေန(၅)နာရီ အခ်ိန္တြင္ ေရနံေခ်ာင္းၿမိဳ႕၊ ဧရာဝတီျမစ္အတြင္းရွိ ေဒသအေခၚ ေညာင္လွေခ်ာင္းသာတြင္ ျဖစ္ပြားခဲ့ေၾကာင္း ေရာင္စုံ‌ေမတၱာလူမႈကူညီေရးအသင္းထံမွ သိရသည္။

“သူတို႔ကေတာ့ ေခ်ာင္းသာလို႔ေခၚတာေလးရွိတယ္၊ ေညာင္လွေခ်ာင္းသာလို႔ ေခၚၾကတာေပါ့။ အဲဒီမွာ ကေလး(၄)ေယာက္က ဟိုဖက္ကမ္းနဲ႔ ဒီဘက္ကမ္းကို ျဖတ္ၿပီးေတာ့ ေရေဆာ့ၾကတာေပါ့၊ ေဆာ့ရင္းနဲ႔ ေရနက္ပိုင္းထဲ‌ေရာက္ေတာ့ နစ္သြားၾကတာပါ” ဟု ေရာင္စုံေမတၱာလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ေရနစ္ေသဆုံးသူမ်ားသည္ အသက္မျပည့္ေသးသည့္ ကေလးငယ္မ်ားျဖစ္ၿပီး  ရွာေဖြကယ္ဆယ္မႈမ်ားေၾကာင့္ အသက္(၅)ႏွစ္အ႐ြယ္ ‌ေယာက်ၤားေလးျဖစ္သူ၏ အ‌ေလာင္းအား ယေန႔(မတ္လ ၇ရက္) နံနက္(၁၁)နာရီအခ်ိန္တြင္ ျပန္လည္ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

“ျဖစ္တာက မေန႔က ညေန(၅)နာရီေလာက္မွ ျဖစ္တာ။ ကြၽန္ေတာ္တို႔ဆီ သတင္း‌ေရာက္ေတာ့ (၁၁)နာရီေလာက္ျဖစ္ေနၿပီ။ အဲ့အခ်ိန္တုန္းက ခဏေတာ့ရွာလိုက္ေသးတယ္၊ မေတြ႕ဘူး။ ဒီေန႔ထပ္ရွာေတာ့ (၅)ႏွစ္အ႐ြယ္ ကေလးရဲ႕အေလာင္းကို ျပန္ေတြ႕ ပါၿပီ။ က်န္တဲ့(၃)ေယာက္ကိုေတာ့ ဆက္ၿပီးရွာေနပါတယ္” ဟု ၎မွ ဆက္လက္ေျပာဆိုထားသည္။

က်န္ရွိေနသည့္ ကေလးငယ္(၃)ဦးတြင္ မိန္းကေလး(၂)ဦးႏွင့္ ေယာက်ၤားေလး(၁)ဦး ပါဝင္ၿပီး ၎တို႔အား ဆက္လက္ရွာေဖြမႈ မ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။ 

အဆိုပါ ကေလးငယ္(၄)ဦးသည္ ေရနံေခ်ာင္းၿမိဳ႕ရွိ ရပ္ကြက္တစ္ခုအတြင္းမွ  ျဖစ္ေၾကာင္း သိရသည္။

ယခုရက္ပိုင္းတြင္ ၿမိဳ႕နယ္အခ်ိဳ႕၌ ေရနစ္ေသဆုံးမႈမ်ား အမ်ားအျပားရွိေနၿပီး ၿပီးခဲ့သည့္ မတ္လ(၅)ရက္ေန႔ကလည္း စစ္ကိုင္းၿမိဳ႕၊ ဧရာဝတီျမစ္ေဘးရွိ ဆိပ္ကမ္းတစ္ခုတြင္ ကိုရင္(၃)ပါး ‌ေရဆင္းခ်ိဳးရာမွ ေရနစ္ခဲ့ရာ တစ္ပါးပ်ံလြန္ေတာ္ မူခဲ့ေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယင်းမာပင်မြို့နယ်ရှိ ရွာ(၄)ရွာမှ အိမ်ခြေပေါင်း (၁ဝဝဝ)ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရပြီး လက်နက်ကိုင်များမှလွဲ၍ ရွာသားအားလုံး ဒုက္ခရောက်နေဟုဆို

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved