ဂါဇာဒေသကို သိမ်းပိုက်ခြင်းက ကြီးမားတဲ့အမှားတစ်ခုကို ကျူးလွန်လိုက်သလိုမျိုးဖြစ်လာနိုင်ကြောင်း အမေရိကန်သမ္မတ သတိပေးထား
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၁၆
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အစ္စရေးနဲ့ ပါလက်စတိုင်းပဋိပက္ခကိုဖြေရှင်းနိုင်ဖို့ တစ်ခုတည်းသောအဖြေဟာ နှစ်နိုင်ငံဖြစ်တယ်ဆိုတဲ့အချက်ကို လက်ခံဖို့ နဲ့ ဂါဇာဒေသကို သိမ်းပိုက်မယ်ဆိုရင် အစ္စရေးနိုင်ငံအနေနဲ့ ကြီးမားတဲ့ အမှားတစ်ခုကျူးလွန်လိုက်တာဖြစ်တယ်လို့ သတိပေးထားကြောင်း ပြောပါတယ်။
ဂါဇာဒေသမှာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးထားသူတွေကိုအမြန်ဆုံး ပြန်လွှတ်မြောက်လာစေဖို့ လုပ်ပိုင်ခွင့်အာဏာကို အပြည့်အဝအသုံးချသွားမှာဖြစ်ကြောင်း၊ ဒါပေမယ့် ဂါဇာဒေသကို အမေရိကန်စစ်သားတွေ စေလွှတ်မယ်လို့ မှတ်ယူလို့မရကြောင်း အမေရိကန်သမ္မတက ပြောပါတယ်။
အမေရိကန်သမ္မတ က "ကျွန်တော်အနေနဲ့ ပြန်ပေးဆွဲခံထားရသူတွေ ပြန်လွှတ်မြောက်လာစေဖို့ အရာရာတိုင်း လုပ်မှာ၊ ပြန်ပေးဆွဲခံရသူတွေ ပြန်လည်လွတ်မြောက်အောင် ကူညီပေးသွားမှာပါ။ ဒါပေမယ့် အဲဒီလိုမျိုးပြောဆို ခြင်းဟာ ဂါဇာဒေသကို စစ်သားတွေ စေလွှတ်မယ်လို့ ရည်ရွယ်တာမျိုးမဟုတ်ဘူး။ ကျွန်တော်ဟာ စစ်ရေးကိစ္စတွေ နဲ့ပတ်သက်ပြီး မဆွေးနွေးဘူး" လို့ ပြောပါတယ်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့က ပြန်ပေးဆွဲထားသူတွေ ပြန်မလွတ်မချင်း ကြိုးပမ်းမှုတွေကို လျော့သွားမှာ မဟုတ်ဘဲ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးနိုင်ငံကို အောက်တိုဘာ ၇ ရက်က စတင်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးစစ်သားတွေ အပါအဝင် လူပေါင်း ၂၄ဝ ကျော်ကို ပြန်ပေးဆွဲခဲ့ကြောင်း သိရပါတယ်။
အစ္စရေးဟာ ဟားမက်စ်အဖွဲ့ရဲ့တိုက်ခိုက်ခြင်းခံရပြီးနောက် ဂါဇာဒေသကို တိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၁၁ဝဝဝ ကျော် သေဆုံးထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Drone အသုံးပြုပြီး တိုက်ခိုက်ခံရမှုကို အမြန်ဆုံး ထိရောက်စွာကာကွယ်နိုင်ရန် ဆောင်ရွက်လျက်ရှိဟု နစကပြောခွင့်ရဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ