မြန်မာနိုင်ငံခရီးသွားကဏ္ဍမြှင့်တင်ရန် ခရီးသွားဗီဒီယိုများကို အာဆီယံ-ကိုရီးယားဗဟိုဌာနမှ လာရောက်ရိုက်ကူးမည်
စော (NSS) - နိုဝင်ဘာ ၁၆
မြန်မာနိုင်ငံခရီးသွားကဏ္ဍမြှင့်တင်ရန် ခရီးသွားဗီဒီယိုများကို အာဆီယံ-ကိုရီးယားဗဟိုဌာနမှ လာရောက် ရိုက်ကူးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ရိုက်ကူးမှုအား နိုဝင်ဘာလ ဒုတိယပတ်မှစတင်၍ ဒီဇင်ဘာလအထိ ရန်ကုန်မြို့နှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတို့ရှိ အထင်ကရနေရာများ၊ ဗိသုကာနှင့် ယဉ်ကျေးမှုနေရာများတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဗီဒီယိုရိုက်ကူးမှုတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရား၊ ကန်တော်ကြီးပတ်ဝန်းကျင်ရှုခင်းများ၊ ဆူးလေဘုရား နှင့် အနီးပတ်ဝန်းကျင်ရှိ မြို့တော်ခန်းမ၊ မဟာဗန္ဓုလပန်းခြံမြင်ကွင်းများ၊ ဝန်ကြီးများရုံး၊ ဆူးလေဘုရားလမ်း၊ အမျိုးသားပြတိုက်(ရန်ကုန်)၊ Time City ၊ အောင်ဇေယျတံတား နှင့် မြစ်ရှုခင်းစသည့် အထင်ကရနေရာများပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးသွားမြှင့်တင်ရေးဗီဒီယိုများ ရိုက်ကူးပြီးပါက အာဆီယံ-ကိုရီးယားဗဟိုဌာန၏ Youtube၊ Instagram နှင့် Facebook တို့တွင် လွှင့်တင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်မြို့ နှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတို့တွင် ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်သင့်သည့်နေရာများကို ခရီးသွားမြှင့်တင်ရေးဗီဒီယိုများမှတစ်ဆင့် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ မြောက်ပိုင်းမှာ တရားမဝင်နေထိုင်နေတဲ့တရုတ်နိုင်ငံသားတွေကို မိခင်နိုင်ငံသို့ ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထားပြီး ပြန်လာဖို့ ယူနန်ရဲတပ်ဖွဲ့ တိုက်တွန်းတောင်းဆို
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း