တက်သစ်စမော်ဒယ်ဘဝက အန္တရာယ်များတဲ့ ဝိတ်ချမှုတွေပြုလုပ်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ကမ္ဘာကျော်စူပါမော်ဒယ် လင်ဒါအီဗန်ဂဖဲလီစတာ
ရောင်နီ (NSS) - နိုဝင်ဘာ ၁၆
ကမ္ဘာကျော် စူပါမော်ဒယ်လ် လင်ဒါအီဗန်ဂဲဖဲလီစတာက သူမရဲ့တတ်သစ်စ မော်ဒယ်လ်ဘဝက လုပ်ဆောင်ခဲ့ဖူးတဲ့ အလွန်အန္တရာယ်များတဲ့ ကိုယ်အလေးချိန်လျှော့ချနည်းကို အင်တာဗျူးတစ်ခုမှာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြော ကြားလာခဲ့ပါတယ်။
အင်္ဂါနေ့၊ နိုဝင်ဘာလ ၁၄ ရက်က ထုတ်ဝေခဲ့တဲ့ Ruthie's Table 4 ရဲ့ podcast အပိုင်းတစ်ခုမှာ အီဗန်ဂဲလီစတာ (၅၈ နှစ်) က ဒီအကြောင်းကို ပြောကြားခဲ့တာပါ။ သူမဟာ တတ်သစ်စ မော်ဒယ်ဘဝမှာ အနာဂတ် အလုပ်လမ်းကြောင်းအတွက် စိုးရိမ်ပူပန်မှုတွေများခဲ့တာကြောင့် အန္တရာယ်များတဲ့ ဝိတ်ချနည်းတစ်မျိုးဖြစ်တဲ့ Master Cleanse လမ်းစဉ်ကို လိုက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
Master Cleanse လမ်းစဉ်ဆိုတာကတော့ ဆားရည်နဲ့ ဆေးဖက်ဝင်အပင်တွေ၊ ဝမ်းနုတ်ဆေးတွေကို ၁ဝ ရက် ဆက်တိုက် သောက်သုံးခြင်းဖြစ်ပါတယ်။ အီဗန်ဂဲလီစတာက "ဒီနည်းလမ်းဟာ ယခုပြန်တွေးကြည့်ရင် ကျန်းမာရေး နဲ့ မသင့်တော်ဘူး၊ အန္တရာယ်များတယ်" လို့ ဝန်ခံခဲ့ပါတယ်။
ဒါ့အပြင် သူမဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ Palm Desert မှာ ရှိတဲ့ We Care Spa အပါအဝင်၊ အစာရှောင်ခြင်း နည်းလမ်းတွေကိုလည်း မကြာခဏ လိုက်လုပ်လေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
"သံပုရာသီး၊ mint လက်ဖက်ရည်ဆိုတဲ့ အရည် တစ်ဖန်ခွက်နဲ့ အသီးအရွက်တွေချည်းပဲ တစ်နေ့တစ်ကြိမ်စားခဲ့ တယ်" လို့ Evangelista က ဆိုပါတယ်။
"များသောအားဖြင့်တော့ အစာငတ်ခံတယ်၊ အခုတော့ ဒါမျိုး ဘယ်တော့မှ ထပ်လုပ်မှာမဟုတ်တော့ဘူး" လို့ အီဗန်ဂဲလီစတာက ပြောကြားခဲ့ပါတယ်။
အီဗန်ဂဲလီစတာဟာ ဆိုရှယ်မီဒီယာမှာ လွှမ်းမိုးမှုအရှိဆုံး ကနေဒါလူမျိုး ဖက်ရှင်မော်ဒယ်တစ်ယောက်ဖြစ်ပြီး မဂ္ဂဇင်း ၇ဝဝ ကျော်ရဲ့မျက်နှာဖုံးတွေမှာ နေရာယူနိုင်ခဲ့သူဖြစ်ပါတယ်။
ဒါဟာ အလွယ်နည်းနဲ့ ပိန်သွယ်ချင်တဲ့မိန်းကလေးတွေ လုပ်နေကျပုံစံပါ။ ဒါပေမယ့် ကျန်းမာရေးနဲ့ မညီညွတ်တာကြောင့် အခုဖော်ပြခဲ့တဲ့ ဝိတ်ချနည်းတွေကို လိုက်မလုပ်ဖို့ အကြံပြုလိုက်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ် အဝေးပြေးလမ်းမှာ ကျောင်းဘတ်စ်ကားတစ်စီး ဆီမီးထရပ်ကားတစ်စီးနဲ့ တိုက်မိပြီး လူ ၆ ဦး သေဆုံး
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ