ရန်ကုန်မြို့ရှိ အထပ်မြင့်တိုက်ပေါ်မှ အမျိုသားတစ်ဦး ပြုတ်ကျသေဆုံးမှုဖြစ်ပွား
သန့်ဇင် (NSS) - နိုဝင်ဘာ ၁၅
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ အထပ်မြင့်တိုက်ပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးသွားခဲ့ကြောင်း ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းထံမှ သိရသည်။
ယနေ့(နိုဝင်ဘာလ ၁၅ ရက်)၊ မွန်းလွဲ ၂ နာရီ ၅၀မိနစ်အချိန်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ရွှေလိပ်ပြာအိမ်ယာရှိ အထပ်မြင့် အဆောက်အဦး (၆)လွှာမှ ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ရပ်ကွက်ထဲက လူကဖုန်းဆက်လို့ ကျွန်တော်တို့ရောက်တော့ သေဆုံးသူက ရွှေလိပ်ပြာအိမ်ယာက (၆)လွှာမှာနေတဲ့ အမျိုးသားပါ။ အိမ်ရှေ့ ဝရံတာကနေ ခြေချော်ပြီးပြုတ်ကျတာပါ”ဟု ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါပြုတ်ကျသေဆုံးသူ အမျိုးသားသည် အသက်(၆၀)နှစ်ဖြစ်ပြီး တိုက်ခန်းရှေ့ဝရံတာသို့ ထွက်လာချိန်ခြေချော်ပြုတ်ကျ၍ ထိခိုက်ဒဏ်ရာမျာပြင်းထန်စွာရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် သေဆုံးသူအမျိုးသားအား ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းမှ ရန်ကုန်မြို့ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သာစည်မြို့နယ်တွင် ခရီးသည်တင်ကားတစ်စီးပေါ်မှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း